EP 20

1.4K 146 31
                                    

ᴜɴɪᴄᴏᴅᴇ

Jen နာဖူးပေါ် လျက်ပြေးနေတဲ့ လက်သွယ်သွယ်လေးတွေကြောင့်
နိုးလာခဲ့သည်ဆိုပေမဲ့ မျက်လုံးတွေကို ဖွင့်ပြီး သူမ နဲ့ အကြည့်ချင်းဆုံရလောက်သည် အထိ မရဲသေးပါ။
ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေခဲ့ပေမဲ့ လေညှင်းလေးတွေကို လျက်ပြေးနေသည့် အထိအတွေ့လေးတွေကြောင့် လက်တွေကို တင်းစုပ်ရင်း သည်းခံနေရသည်။

"lili ရေ..ဒီနေ့ ဘာလို့ မင်း မနက်စာ မပြင်သေးတာလဲ။
အခန်းထဲက ထွက်သွားပါတော့လား။
ဒါမှ တို့ ထ လို့ အဆင်ပြေမှာလေ "

သိပ်မကြာခင် ပါးပြင်ထက် နစ်ဝင်သွားသည့် အနမ်းတစ်ပွင့်။

_ ရှင် နိုးနေတာ ကျွန်မ သိတယ်နော် NiNi
ရှင့်လက်တွေ လှုပ်သွားတာ ကျွန်မ တွေ့လိုက်တယ် _

_ Ah..!
lili ကကွာ _

ဆောင်ကို အလျှင် ခေါင်းဖုခြုံရင်း ပြောလိုက်မိသည်။

_ ဒါဆိုလဲ တို့ ရှက်လို့ တမင် အိပ်နေတယ်ဆိုတာလဲ မင်း သိမှာပေါ့
ဘာလို့ ထွက်မသွားတာလဲ _

အသံတွေမှာ ရှက်စိတ်က အပြည့်။
ဆောင်အောက်က NiNi မျက်နှာလေး ဘယ်လိုဖြစ်နေလဲ မြင်ချင်လိုက်တာ။

_ ထွက်မသွားချင်ပါဘူး။
ကျွန်မ ချစ်ရတဲ့ ရှင့် မျက်နှာလေးက ဒီနေ့မှ
ကြည့်လို့ အရမ်းကောင်းနေတာကို။
တစိမ့်စိမ့်နဲ့ ငေးကြည့်ချင်အောင် ရှင်က ဆွဲဆောင်နေတာကို _

_ ဘာ..! _

ဆောင်ကို မျက်နှာပေါ်မှ ဖယ်ပြီး

_ ဒါဆို အရင်နေ့တွေက တို့ အိပ်နေတာက ကြည့်မကောင်းဘူးပေါ့။
ဘာလဲ တို့ အရင်နေ့တွေက ဘယ်လို အိပ်ပျော်နေလို့လဲ _

မျက်စောင်းထိုးရင် ဆူပုတ်နေသည့် မျက်နှာ။
ရှက်စိတ်တွေ တစ်စိုးတစ်စေ့မှ မတွေ့ရတော့သည့် မျက်နှာ။

_ မေးနေတာ ဖြေလေ။
တို့ အရင်နေ့တွေက ဘယ်လို.. _

Jen စကားပင် မဆုံးလိုက်ပါ။

အနမ်းတွေနဲ့ ပိတ်ဆို့ခြင်း ခံလိုက်ရသည်။

ရှင့်အပြုအမှုတိုင်းက ကျွန်မကို ဆွဲဆောင်နိုင်လွန်းတယ်ဆိုတာ
တကယ်ပဲ ရှင် မသိတာလား NiNi ။
အခု့တော့ ထိန်းထားတဲ့ကြားက ရှင့် နှုတ်ခမ်းတွေကို ကျူးကျော်မိပြီ။

𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬Where stories live. Discover now