ᴜɴɪᴄᴏᴅᴇ
_ Mr.Lee _
အေးစက်စက် အကြည့်တွေနဲ့ အတူ
ဝှီးချဲ ပေါ်ကနေ ကျွန်မကို အိမ်ထဲ ဝင်ဖို့ ပြောလာသည့်
Mr.Lee!_ လာ lisa _
_ ထိုင် _
အေးစက်မြဲ အေးစက်တက်တဲ့
Mr.lee ရှေ့ ရောက်တိုင်း
ကျွန်မ အမြဲတမ်း တုန့်ဆိုင်းနေတက်သည်။
ယခု့လဲ လာရင်း ကိစ္စကို မစဥ်းစားမိသည် အထိ
ထို လူ ရှေ့မှာ ကျောက်ရုပ်တစ်ရုပ်လို။သောက်နေတဲ့ ကော်ဖီ ခွက်ကို ချပြီး
_ Jennie kim ကော
အဆင်ပြေရဲ့လား _ထင်တဲ့အတိုင်းပဲ
Jennie Kim ဘယ်မှာ ရှိနေတယ်။
ဘယ်သူနဲ့ ရှိနေတယ်ဆိုတာကို သိနှင့်နေပြီးသားကို။_ အဆင်ပြေပါတယ် _
_ ပြန်ခေါ်လာခဲ့ _
တိုတောင်းလွန်းတဲ့ အမိန့်စကားတစ်ခွန်း။
ထို စကားရဲ့ နောက်မှာ ကျွန်မ မမြင်နိုင်တဲ့
အရာတွေကတော့ အပြည့်ပါ။ကျွန်မ ချစ်ရတဲ့ Jennie kim ကို
ကျွန်မ ကာကွယ်ရမယ်။_ ကျွန်မ မခေါ်လာနိုင်ဘူး _
_ ဘာ _
_ ကြားတဲ့ အတိုင်းပါပဲ Mr.lee ။
Jennie kim ကို ချုပ်ကိုင်ဖို့ ကြိုးစားနေတာ သိတယ်။
အဲဒါတွေကို အခု့ ရပ်တန့်ပေးပါ _ခက်ရေးရေးလေးပေါ်လာတဲ့အပြုံးနှင့်အတူ
_ lisa
နင်တောင် ငါ့ကို ဒီလို ပြန်ပြောတက်နေပြီလား။
Jennie kim က နင့်အတွက် အဲဒီလောက်တောင်
အရေးပါတယ်လား __ ဘယ်သူမဆို ကိုယ်ချစ်တဲ့ လူကို ကာကွယ်ချင်ကြတာပဲ
ကျွန်မ လဲ ကျွန်မ ချစ်တဲ့... _ဘဝ မှာ Mr.lee ကို အခု့လိုတွေ ပြန်ပြောတက်လာလိမ့်မယ်လို့
ကျွန်မ အိပ်မက်ထဲမှာတောင် ထည့်မမက်ခဲ့ဖူးဘူး။
Mr.lee အရိပ်အောက်မှာ ခိုလုံခဲ့ကတည်းက
အမြဲတမ်း ထားရနေ စေရာသွားပြီး နေလာခဲ့တဲ့ ကျွန်မ က
အခု့တော့..._ ချစ်တယ်?
မဟုတ်မှ Jennie kim နဲ့ နင်က __ ဟုတ်တယ်
ကျွန်မ ဘဝ မှာ အမေပြီးရင် အချစ်ရဆုံးသော လူ _

YOU ARE READING
𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
عاطفيةᴜɴɪᴄᴏᴅᴇ တစ်ဖက်လူကို ပျော်ရွှင်စေချင်တာ ကိုယ့်အတ္တ ကြောင့်ပါ။ သူ ပျော်ရွှင်တာ မြင်ရလေ ကိုယ် ပျော်ရွှင်လေ လေ။ နောက်ပြီး... သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာလဲ ကိုယ်ပဲ ဖြစ်ချင်မိတယ်။ ပိုင်ဆိုင်လိုခြင်းမရှိ ပေးဆပ်ခြင်းနဲ့သာ ရှိနေချင်တာပါ။ 29/2/2k21...