ᴜɴɪᴄᴏᴅᴇ
ကားပေးဖို့သွားတာ ဒီလိုပဲ တနေကုန်သလား။
အချိန်တွေကပဲ အကုန် မြန်သလား။
jen မှာတော့
ညရောက်သည်ထိ ပြန်မလားတဲ့ lili ကို
မျှော်ရတာ လည်ပင်းတွေကို ညောင်းလှပြီ။အိမ်ပိုင်ရှင် အမျိုးသမီး နှစ်ဦးကလဲ
ပြန်သွားပြီမို့ lili ကို မြန်မြန် ပြန်လာစေချင်ပြီ။.
လှမ်းမြင်နေရတဲ့ အဝေးတစ်နေရာမှ
ကားမီးရောင် ပြပြလေးကို မြင်တဲ့အခါ
Jen ရင်တွေကဟာ လှုပ်ခက်လို့ရယ်။
ကားမီးရောင် နီးကပ်လာလေ
Jen ရင်တွေ ပိုခုန်လေပါပဲ။သေချာတယ်။
ဒါ Jen ကို ထားခဲ့တဲ့ lili ။_ ဟွန့်..
တွေ့မယ်
လူကို အသိမပေးပဲ စာတစ်စောင်နဲ့ ထားခဲ့တဲ့ လူ
ကောင်းကောင်းကြီးကို စိတ်ဆိုးပြမယ် _ခြံထဲကို ပြေးဆင်းသွားတဲ့ Jen ရဲ့ စိတ်ထဲမှာတော့
ဘယ်လောက်ပျော်နေမလဲ ဆိုတာ Jen ကိုယ်တိုင်သာ သိနိုင်မည်။တကယ်တော့
တို့ မင်းကို လွမ်းနေတာ lili ရဲ့။
မနက်မိုးလင်းကတည်းက မင်းရဲ့ အပြုံးတွေ၊
မင်း နှုတ်ခမ်းနွေးနွေးလေးရဲ့ ထိတွေ့မှုတွေ၊
အဲဒီလို အရာတွေ တို့ မရတာ တို့ အဆင်ပြေနေမယ်ထင်လား။တနေ့ မပြည့်တဲ့ ခွဲခွာမှုလေးကတောင်
တို့ကို အလွမ်းဆိပ် ဒီလောက်တက်စေတယ်ဆိုရင်..
သေချာပါတယ်။
တို့ မင်း မရှိရင် တကယ် မဖြစ်တော့ဘူး။သို့ပေမဲ့
မင်းကို တို့ စိတ်ဆိုးသင့်တယ် မဟုတ်လား။_ lili မင်း ဘာလို့ _
_ NiNi.. _
ကားပေါ်က ဆင်းဆင်းချင်း
ရင်ခွင်ထဲကို သိမ်းကြုံးဖက်တဲ့ lili ။Jen ပြောမဲ့ စကားလုံး တွေ အကုန် လွင့်ပြယ်။
lili ရင်ခွင်ဟာ
Jen အတွက်တော့ နွေးထွေးလွန်းပါရဲ့။
လရောင်ဖြာဖြာကျဆင်းနေတဲ့ ပန်းခင်းထဲကို ရောက်နေသလို
ပြိုလဲချင်စရာကောင်းလွန်းပါရဲ့။Jen ကိုယ်တိုင်တောင် သတိမထားမိပဲ
lili ကို ပြန်လည်ဖက်တွယ်နေမိတယ်။_ ဟာ..သွားပါပြီ
တို့က မင်းကို စိတ်ဆိုးမလို့ပါဆို
အခု့ ဘယ်လို လုပ် စိတ်ဆိုးရမလဲ _

YOU ARE READING
𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
Romanceᴜɴɪᴄᴏᴅᴇ တစ်ဖက်လူကို ပျော်ရွှင်စေချင်တာ ကိုယ့်အတ္တ ကြောင့်ပါ။ သူ ပျော်ရွှင်တာ မြင်ရလေ ကိုယ် ပျော်ရွှင်လေ လေ။ နောက်ပြီး... သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာလဲ ကိုယ်ပဲ ဖြစ်ချင်မိတယ်။ ပိုင်ဆိုင်လိုခြင်းမရှိ ပေးဆပ်ခြင်းနဲ့သာ ရှိနေချင်တာပါ။ 29/2/2k21...