ᴜɴɪᴄᴏᴅᴇ
_ lili yah...lili _
အိမ်ထဲကို ပြေးဝင်လာတဲ့ သူမ
ကျွန်မ မျက်ရည်တွေကို သူမ မမြင်အောင် သုပ်ရင်း_ ကျွန်မ ဒီမှာ _
_ သူ တို့ကို လာချော့တယ် သိလား
မနေ့က ကိစ္စအတွက်လဲ တောင်းပန်ပါတယ်တဲ့
မင်း သိလား သူ တို့ကို ဒါ ပထမဆုံး
တောင်းပန်တယ်ဆိုတဲ့ စကားကို ပြောဖူးတာပဲ __ ကောင်းတာပေါ့ _
အိပ်ရာပေါ် လှဲချပြီး ကလေးတစ်ယောက်လို လူးလှိမ့်နေရင်း
ပြောနေတဲ့ စကားတွေ အကုန်လုံးကို ကျွန်မ မကြားရပါ။
ကျွန်မ နားထဲမှာတော့ တစ်လှပ်လှပ် ခုန်ရင်း နာကျင်နေရတဲ့
နှလုံးသားရဲ့ ငိုသံတွေနဲ့ ဖုံးလွှမ်းလို့ရယ်။_ lili မင်း တို့ ပြောတာ ကြားလား
မင်း ဘာလုပ်နေတာလဲ __ မနက်ဖြန် ပြန်ဖို့ လက်မှတ် စီစဥ်နေတာ _
_ ဟင်..ဟုတ်သားပဲ မင်း ကို အဲဒီ ကိစ္စပြောမလို့
ကို ကလဲ နောက်တစ်ပတ်လောက် နေရင် ပြန်လာရတော့မယ်တဲ့
အဲဒါ တို့ ဒီမှာ တစ်ပတ်လောက် ထပ်နေရအုံးမယ်ထင်တယ်
သူ နဲ့မှ အတူတူပြန်စေချင်တယ်တဲ့
ဟို အလုပ်ကိစ္စတွေကိုတော့ တို့ ကြည့်ပြီး စီစဥ်လိုက်ပါ့မယ် __ ရှင့် သဘောလေ ရှင်နေချင် နေခဲ့ပေါ့
ကျွန်မ ရှင့်အတွက် မှာထားတဲ့ လက်မှတ်ကို ပြန်ဖျက်လိုက်မယ် __ မင်းရော မနေဘူးလား lili
တို့ နဲ့မှ အတူတူ ပြန်လို့မရဘူးလား _ကျွန်မ အတွက် အချိန်လိုတယ်။
ရှင်တို့ နှစ်ယောက်ကို တွဲမြင်ရတဲ့အခါ
ဘာမှမဖြစ်သလို ကျွန်မ ခံစားချက်တွေကို ဟန်ဆောင်နိုင်ဖို့
ကျွန်မ မှာ အချိန်လိုတယ်_ lili တို့ ပြောနေတာ မကြားဘူးလား
မင်း ဘာဖြစ်နေတာလဲ __ ရှင် ကျွန်မ ကို ခေါ်လာတာ ရှင့်ကို ထိန်းဖို့ သက်သက်ပါ
အခု့ ရှင် ကျွန်မ ကို လိုမှ မလိုတော့တာ __ လိုတယ်ဆိုရင်ကော _
_ ကျွန်မ မနေချင်တော့ဘူး _
ကျွန်မ စိတ်တွေ မထိန်းနိုင်တော့ဘူး NiNi
ရှင် နဲ့ ပြိုင်ပြီး စကားနိုင် လုဖို့အတွက်လဲ
ကျွန်မ မှာ အားအင်မရှိတော့ဘူး
ထွက်ပြေးချင်တယ်။
ရှင်နဲ့ အဝေးဆုံးနေရာကို ခဏလောက် ထွက်ပြေးခွင့်ပြုပါ။

YOU ARE READING
𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
عاطفيةᴜɴɪᴄᴏᴅᴇ တစ်ဖက်လူကို ပျော်ရွှင်စေချင်တာ ကိုယ့်အတ္တ ကြောင့်ပါ။ သူ ပျော်ရွှင်တာ မြင်ရလေ ကိုယ် ပျော်ရွှင်လေ လေ။ နောက်ပြီး... သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာလဲ ကိုယ်ပဲ ဖြစ်ချင်မိတယ်။ ပိုင်ဆိုင်လိုခြင်းမရှိ ပေးဆပ်ခြင်းနဲ့သာ ရှိနေချင်တာပါ။ 29/2/2k21...