EP 22

1.5K 183 42
                                    

ᴜɴɪᴄᴏᴅᴇ

_ NiNi... _

ကျွန်မ ဘယ်ရောက်နေတာလဲ။
ဘေးပတ်ဝန်းကျင်တခု့လုံး လင်းလက်လွန်းလို့
ကျွန်မ မျက်လုံးများကိုပင် သေသေချာချာ မဖွင့်နိုင်။
မည်သည့်အရာကိုမှ မမြင်ရသဖြင့်
ကျွန်မ ဘယ်ကို ရောက်နေသည်လဲ ကျွန်မ မသိ။

အရိပ်။
ဝိုးတဝါး မြင်လိုက်ရသည်က အရိပ်။

လက်တစ်ဖက်အား အုပ်မိုးလျက်
မြင်ရသည့်ကို ကြည့်လိုက်မိတော့ အရိပ်မဟုတ်ပဲ
မလှုပ်လျက် ပဲ ရပ်နေသည့် NiNi ကို မြင်လိုက်သည်။

ထိုအခါ ချက်ချင်းဆိုသလို အလင်းရောင်ဟာ
လျော့ရဲလာပြီး NiNi ရဲ့ ဖြူလျော့လျော့ ဖျော့တော့တော့ မျက်နှာလေးဟာ သွေးမရှိသလို ကျွန်မ ကိုပင် မျက်တောင် မခက်ပဲ ကြည့်နေခဲ့သည်။

_ NiNi _

ကျွန်မ ကိုယ်တိုင်လဲ အသံများမှာ လျော့ရဲနေပြီး အားမရှိသလိုပင်။

ကျွန်မ သတိထားမိချိန် ကျွန်မ ပါးပြင်ပေါ်မှ မျက်ရည်များဖြင့် စိုစွတ်မှုကို ခံစားလိုက်ရသည်။

_ NiNi ... _

ကျွန်မ ခေါ်သံဟာ ကျယ်လောင်လာပေမဲ့ NiNi ကတော့ ငြိမ်သက်နေဆဲ။

ကျွန်မလဲ လျှောက်လှမ်းခြင်း မရှိ
NiNi ကလဲ နီးကပ်လာခြင်း မရှိပါပဲနဲ့
ကျွန်မ တို့ တဖြေးဖြေး နီးကပ်လာသည်။

ထို့အခါမှ NiNi ရဲ့ မျက်ရည်များဟာ တလိမ့်လိမ့် စီးကျလာရင်း
ကြိုးစားပြီးမှ ဖြစ်ပေါ်လာသော အပြုံးများနဲ့ ကျွန်မ ကို ကြည့်နေပြန်သည်။

_ NiNi... _

NiNi က ကျွန်မကို စကားများ ပြန်ပြောနေသော်လည်း ကျွန်မ မကြားရပါ။NiNi ရဲ့ လှုပ်ခက် သွားသော နှုတ်ခမ်းများကိုသာ မြင်ရသည်။

_ NiNi..
ကျွန်မ တောင်းပန်ပါတယ်။ _

အကွာအဝေးကြောင့်
NiNi ရဲ့ လက်ကိုပင် ဖမ်းဆွဲဖို့ပင် မဖြစ်နိုင်။

ကျွန်မ တိုးကပ်သွားလျှင် NiNi နောက်ကို ပြန် ဆုတ်သွားမလား
ကျွန်မ မပြောတက်။

သို့ပေမဲ့ ကျွန်မ ရဲတင်းစွာ တိုးကပ်သွားမိလိုက်သည်။
NiNi ငြိမ်သက်နေဆဲမို့ ကျွန်မ အနည်းငယ်တော့ ကျေနပ်နေမိသည်။

𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬Where stories live. Discover now