🍓Ichigo🍓(Zawgyi)
One month later.....
အပြေးတပိုင်းကြီးမယုံတဝက်ယုံတစ်ဝက်နှင့် ဘုန်းကြီးကျောင်းမှနေ၍ ရွာထိပ်ရှိဒေါ်အမာတို့နေအိမ်သို့ ခြေကုန်သုတ်နေသူ Ichigo
ချွေးသံတရွှဲရွှဲဖြင့် ခြင်းခတ်နေရာမှ အလောတကြီးမို့ ကိုကိုလိုက်ပို့သည်ကိုပင်မစောင့်နိုင်ဖြစ်ကာ အိမ်သို့ပြေးလွှားပြန်လာပြီး ဝေးဝေးမှလှမ်းမြင်လိုက်ရလေသော ကားတစ်စီးကြောင့် ခေါင်းကိုယမ်းမိရင်း"မား....."
မပြောမဆိုရောက်လာလေသောအမေဖြစ်သူကိုခေါ်တော့ ဒေါ်ဟေမာက လက်နှစ်ဖက်ဆန့်၍သားကိုဖက်ရန်ကြိုလင့်သော်ငြား အမေကိုကွေ့ပတ်ရှောင်၍ ထိုင်နေသော အဖွားဖြစ်သူရှေ့ဒူးထောက်ထိုင်ဖက်လိုက်ပြီး
"အား....ဟား ဟား ဖွား သားကိုကယ်ပါအုံး
အဲ့မားကဘာလို့ရောက်လာတာတုန်း ပြန်ခေါ်မှာဆိုမလိုက်ချင်ဘူးလို့""Chigo"
"သားက တောင်ကြားမှ ဟင့်ဟင့် နေပါအုံးမယ်လို့မားကလည်း"
"ဟော် မားကပြန်လာခေါ်တာလေ သားဖေကြီးဒီရက်ပိုင်းအလည်လာခေါ်မယ်ဆိုလို့"
"ဘာလို့ခေါ်မှာတဲ့တုန်း မလိုက်ချင်ဘူးပြောလိုက်"
"ဟော်.. ဟော်....မားသားလေးရေ ဘာဖြစ်လို့တုန်း ခုကျတောင်ကြားမှာပျော်သွားပြီလား ဟော် ဇွတ်ကိုတော်"
"လိုက်ဘူး....."
"မြေးကမပြန်ချင်သေးဘူးကို သမီးရဲ့
ကလေးကိုမပြောမဆိုလာခေါ်ရော ညည်းနှယ်""Ichigo နင်ပဲသေတော့မလိုမနေချင်တဲ့တောင်ကြားကို ခုကျမှ အပိုတွေပြောမနေနဲ့ ဟိုကအဖိုးအဖွားတွေကလည်းသားကိုသတိရနေတာတဲ့ Tokyoကိုသွားရမယ်"
"ရမနေပါနဲ့လို့ပြောလိုက် ခုမှ
သူများလာချင်တုန်းကကျ မခေါ်ကြပဲ သူ့ချွေးမနဲ့အလိုတူအလိုပါ ဒီကဖိုးတို့ဖွားတို့ဆီသွားလည်ခိုင်းကြတာမဟုတ်ဘူးလား""ဟော်တော် မားကိုအော်လားဟစ်လားနဲ့".
"စိတ်နာနေတာကြီးကို
သားကနေခဲ့အုံးမှာ မပြန်ချင်သေးဘူး""အောင်စာရင်းမထွက်သေးဘူးမို့သား သမီးရဲ့"
"အင်း မထွက်သေးဘူးလေ
မထွက်ခင်လေးအလည်ခေါ်တာကို ဒီကောင်လေး အမြဲသမီးကိုကသိကအောက်လုပ်တယ်"
![](https://img.wattpad.com/cover/274930280-288-k732417.jpg)