Chapter-18(Zawgyi & Uni)

5.7K 340 19
                                    

🍓Ichigo🍓(Zawgyi)

အတွေးတို့ပြန်ရစ်ကြည့်တိုင်း နှလုံးအိမ်မှာတသိမ့်သိမ့်လှိုက်တက်နေမိဆဲ
မိမိရပ်ဝန်းလေးမှလူသားကို သူသိပ်ချစ်လေသည်မို့

ကိုကို.....နာမ်စားတစ်ခုသည်ဘဝတစ်ခုလုံးကိုခြယ်လှယ်စိုးမိုးလွှမ်းခြုံထားလေသောခံစားချက်ဖြင့်များစွာပင်ပန်းခဲ့ရသော်ငြား လူကနိုးတဝက်ဖြစ်နေသည်က အိပ်မက်တစ်ခုနှယ်ထင်မိနေသေးသောကြောင့်

မျက်နှာချင်းဆိုင်အနေအထားတွင်သူ့လက်တံနွေးနွေးတို့ကမိမိကျောပြင်လေးကိုသိမ်းဖက်ထားသည်က ကြည်နူးမှုတို့ဖုံးလွှမ်းစေလေသည်
နှစ်ခြိုက်စွာအိပ်စက်နေခြင်းနှင့်တည်ကြည်ခန့်ညားလှသောမျက်နှာတည်ဆောက်ပုံချောမောသည့်ပုရိသတစ်ယောက်သည်မိမိနှလုံးအိမ်၏အရှင်သခင်ဟု သတ်မှတ်နေရာပေးခြင်းခံထားရသည်ကို ထိုလူသားကြီးသိချင်မျှသိပေမည်
အသက်တမျှချစ်ခြင်းကို ဆယ်ကျော်သက်ကလေးတစ်ယောက်ကခံစားတတ်သည်ဟုပြောပြလျှင် လူယုတ်မာကြီးကရယ်ပြမည်ကအသေအချာ

အားနည်းနေလေပြီးသောဘက်ထရီမီးရောင်အောက်တွင် မိမိကြည့်မြင်လိုသော ကိုကို့မျက်နှာကိုတော့မမှိတ်မသုန်ကြည့်နေရသည်ကချိုမြိန်သောခံစားချက်တစ်မျိုး

မှားသည်မှန်သည်ဟူသော လူ့အသိုင်းဝိုင်း၏ပညတ်ချက်တို့ကိုကျောပေးရန်စိတ်ပိုင်းဖြတ်ပြီးနောက် ထိုလူသားကိုပိုချစ်ရန်သတ္တိတို့ကြီးလာခဲ့ရလေသည်

ပတ်သက်ခဲ့ကြဖူးပြီးမို့မည်သို့ပင်ဖြစ်စေ တစ်ပါးသူလက်ကိုအပါမခံနိုင်သည်က Chigoမလွန်
ကိုကို့ကိုတော့ မရရသည့်နည်းဖြင့်အရယူရန်သာအတွေးဆိုးလေးတွေမွှေရင်း အာရုံတက်တော့မည်လောထင်ရသည့်အချိန်အထိ မအိပ်စက်နိုင်အောင်ဖြစ်နေရလေတော့၏

သူ့လက်မောင်းထက်အချိန်တွေကြာနေအောင်အုံးထားပြီးလေပြီမို့ ညောင်းနေလိမ့်မည်စိုးစိတ်ဝင်ကာ လက်မောင်းအောက်သို့ခေါင်းဖြည်းဖြည်းရွှေ့၍ ရင်ငွေ့နွေးနွေးကိုမျက်တိုးအပ်ကာအိပ်စက်ရန်ကြိုးစားခဲ့မိသည်
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
"နေဖင်ထိုးနေပြီဟေ့ နေဖင်ထိုးနေပြီဟ မထသေးဘူးလား"

🍓Ichigo🍓(Completed)Where stories live. Discover now