🍓Ichigo🍓(Zawgyi)
"အားဟားဟား....အား....ဟား
အီးဟီးဟီး....ဟီး...""က...ကလေငယ်ဘာဖြစ်တာလဲ ဘာဖြစ်...."
ကလေးငယ်လက်တွင်းပွေ့ချီထားလေသော တအီအီငိုနေလေသည့် သားလေးကိုဘာဖြစ်သည်လောအတွေးဖြင့် အဖေဖြစ်သူမိမိကပြာယာခက်ပွေ့ချီကြည့်လေသည်"ဝါးအားဟား....အား.....အီးဟင့်"
"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"
"အီးဟီး....ဘိုဘိုတိတ်သွားပြီလား"
အသံပြဲနှင့်မိခင်ကြောင့် ဘိုဘိုငိုမဲ့မဲ့လေးဖြင့် တရှိုက်ရှိုက်ဖြစ်နေလေသည်"တိတ်ပြီတိတ်ပြီ ဘာဖြစ်လို့လဲ"
"ဟင့် ပြီးတာပဲ ဘိုဘိုလေးအငိုမရပ်လို့သားအော်ငိုပြလိုက်တာ ခုကျ ဖာခေါင်းလေးတိတ်သွားပေါ့"
"အော...ကိုင်း
ဘာများဖြစ်တာလဲလို့ကွာ ဒီသားအမိနှယ်
မငိုနဲ့အသံကျယ်ကြီးနဲ့ ဘိုဘိုလန့်သွားလိမ့်မယ်""တိတ်မှမတိတ်တာဟင့် သားချော့နေတာကို"
"အေးပါကွာ...အခုအကိုချော့လိုက်မယ် ကလေးငယ်ကမငိုနဲ့တော့ ရေသွားချိုးသွားသွား
အကို ဘိုဘို့ကိုချော့သိပ်လိုက်မယ်""မားရေချိုးလိုက်အုံးမယ်နော် သားသားလေး
မငိုနဲ့တော့ လိမ္မာတယ်"
ဘိုဘို့ကို ချက်ချင်းကြည်ဖြူသွားပြန်ကာ ကလေးအမေရာထူးဖြင့်Chigoရေချိုးခန်းဝင်သွားသည်ကို ဆရာစိုင်း သက်ပြင်းချ၍ကြည့်နေမိလေတော့သည်
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
"ဝွန်း.....အမ်း
ဝွန်း....ဟွန်း....အား
မွှေးလိုက်တာကွာ...မားအသည်းနှလုံးလေးတွေဆီက...အွန်း...အား မိုးမိုလေးတွေရော..အာဘွား...အာဘွားမွမ့်မွမ့်"
သုံးလသား ဘိုဘိုနှင့်ကူရာလေးအရှေ့ထိုင်၍ အသံမြည်ပလုပ်တုတ်ကလေးကို လှည်ယမ်းပြရင် ကလေးတွေအားဇက်နိုင်စေရန်လေ့ကျင့်ခန်းပေးနေမိသည်
အသံကြားရာကို ခေါင်းလေးတွေလိုက်ကြည့်တော့ ကျောလေးတွေတောင့်ပြီးလည်တိုင်လေးတွေအားလေ့ကျင့်ခန်းဖြစ်စေသည်မို့ သုံးလအရွယ်လေးတွေကို အထိန်းကောင်းပေးရသည်သဘောတကျနှင့်တယက်ကန်ကန်ဖြင့် အပြုံးသားအသံရှိရာလိုက်လိုက်ကြည့်နေကြပုံလေးတွေကြောင့် အမွှာကလေးတို့ကိုအသည်းယားကာ ခေါင်းလုံးလုံးလေးတွေ ပါးဖောင်းဖောင်းကလေးတွေ ကျောပြင်လေးတွေ ဖင်လုံးလေးတွေကိုအကုန်လိုက်နမ်း၍ ချစ်မဝနိုင်ခြင်းဒုက္ခတို့ဖြင့် Ichigo