Extra-2

6.5K 279 10
                                    

🍓Extra🍓(2)

"အိုက်ယို....ဘိုဘိုရေ သားကဘယ်အချိန်ထိငိုနေမှာလဲ
ကူးနိုးသွားလိမ့်မယ်လေ မငိုပါနဲ့တော့"
မိမိဘောင်းဘီစကိုဆွဲ၍ သွားလေရာပတ်လိုက်နေလေသော ဘိုဘိုငိုလျှင်အတော်ချော့ရကြာလေ၏
"ဟင့် ပါးဆီ....ပါး..အင်ဟင့်ဟင့်"

"အေးပါအေးပါ ပါးကလာနေပြီလေ
မငိုပါနဲ့တော့ဆိုကွာ လိမ္မာရဲ့သားနဲ့ မား သားလေးက"

"ညန်ညန်...ယာ...ပါး ညန်ညန်ယာ"

"ပါးလာနေပြီ...လာနေပေါ့...ဟော
အိမ်အောက်ကကားသံကြားတယ် ကားသံ"
တကယ်လည်းအိမ်အောက်မှကားသံကြားရ၍ သားဖြစ်သူစိတ်သက်သာရာရစေရန် ပွေ့ချီ၍ မှန်ပြတင်းမှအောက်ကိုကြည့်စေလိုက်မှ လက်ခုပ်တတီးတီးဖြင့် အဖေပြန်လာ၍သူ့မှာထီပေါက်သလိုပျော်နေလေသူ ဘိုဘို

မိမိ၏ဘောင်းဘီကိုဆွဲထားခြင်းအား လက်လွှတ်လိုက်ပြီး
ပိတ်ထားလေသော အခန်းတံခါးကိုမော့ကြည့်၍ ငိုရီစွဲက အကဲတွေပိုနေလေသည်

"အင်းဟင့် ပါပါ ပါပါး...ဘား...
ပါပါး"
အငိုတပိုင်းဖြင့် အခန်းတံခါးရှေ့မှ အဖေ့အပေါ်လိုက်ချင်သူက ခုန်ပေါက်နေပြီး နှာရည်တွေလည်းရွှဲနေလေ၏
မိမိနှင့်တုန်းကပင် အမြဲရီရီမောမောမနေပဲ တည်ငြိမ်သည့်ကိုကိုက သားနှင့်သမီးကိုမွေးပြီးကတည်းက အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် သဘောကျဖွယ်ရယ်သံဖြင့်ဝင်လာတတ်လေသည်
သားရောသမီးရောကတစ်ယောက်တစ်မျိုး ချစ်စဖွယ်လေးတွေမို့ ဖခင်ဖြစ်သူပြုံးနေရသည်ကမဆန်းပါပေ

ရံဖန်ရံခါ တစ်ယောက်ကိုတစ်ယောက်မေ့သွားမိသည်အထိ သားသမီးကိစ္စအဝဝကိုသာပိုအချိန်ပေးရတတ်ကြလေသည်
ယခင် ကိုကိုအလုပ်သွားချိန်အိမ်မှာကျန်ခဲ့ရလျှင် Chigo ယောကျာ်းကိုသာလွမ်းနေခဲ့ရသည်ချည်းဖြစ်ပြီး ယခုမူသားနှင့်သမီးကို ချော့လိုက်ခြောက်လိုက်ဖြင့်ပြီးခဲ့ရလေသည်

အသက်လေးတွေ၂နှစ်ပတ်ဝန်းကျင်ရှိခဲ့လေပြီဖြစ်သော်လည်း တစ်ခါမျှမအော်မငေါက်မဆူမရိုက်ခဲ့ဖူးပေ
ဒီအချက်ကိုအမျိုးထဲမှ မည်သူကမျှ မကျူးလွန်ကြ

ဘိုဘိုနှင့်ကူရာကလည်း ဆိုးပေလေးတွေမဟုတ်၍ ကလေးထိန်းမှုလုပ်ငန်းစဉ်က အဆင်ပြေချောမွေ့လေ၏

You've reached the end of published parts.

⏰ Last updated: Feb 26, 2023 ⏰

Add this story to your Library to get notified about new parts!

🍓Ichigo🍓(Completed)Where stories live. Discover now