🍓Ichigo🍓(Ep-2)(Zawgyi)
တစ်နေ့တာ၏ ၇၀%ခန့်ရုပ်မြင်အသံကြားလိုက်ရသူအကြောင်းသည် ညဘက်မအိပ်ပျော်ခင်တွေးမိတတ်သည်ကမဆန်းပေ.....
အေးရှရှလေသံတစ်ခုသည် ဖော်ရွေချိုသာမှုတို့ရောနှောနေ၍ နားဝင်ချိုလှသည်ဟု မိမိနားနှစ်ဖက်ကသက်မှတ်ပေးလေသည်....!စိုင်းဇက်ယာ!
အဖြူလက်ရှည်ခရမ်းရောင်ပုဆိုးနှင့်ပနံရလွန်းနေသည့် အကိုကြီးတစ်ယောက်သည် မိမိနှင့်အဖော်နှယ်ဖြစ်လာမည်လောမသိ
အဖွားပြောသည်က ညီလေးပျင်းနေမှာဆိုးလို့ ဘယ်သွားသွားလာခေါ်ပေးအုံး ဟူ၏
ထိုလူနှင့်အလှူခံလျှာရှည်လိုက်သွားမိလေသော မိမိအမှားလောတော့မသိပါပေ....သို့သော် လိုက်ချင်ပါသည်ယောကျာ်းချင်းမို့ပေါင်းရသင်းရလွယ်ကြသည်က သဘာဝပင်.....
အိမ်ရှိအဖိုးနှင့်လည်း Chigoပြောတတ်ဆိုတတ်သည်မဟုတ်....အဒေါ်၏ယောကျာ်းသည်လည်း တောင်ယာစောင့်ကာတောထဲတွင်သာအနေများ၍ အိမ်တွင်မိန်းကလေးတွေချည်းသာ....Chigoသည်လည်း ကျားကျားယားယားကြီးလုပ်မနေနိုင် မိမိနေတတ်သလိုအေးရာအေးကြောင်းနေချင်သည်မို့.....သူများသူငယ်ချင်းတတွေလိုဖော်ဖော်ရွေရွေသူငယ်ချင်းမထားခဲ့မိ၍ မစာနာတတ်သည်လောမသိ မဆီမဆိုင်အမြင်တွေရှုပ်နေမိလေသည်.....
🍓🍓🍓🍓🍓🍓🍓🍓🍓🍓
"ကြီးမေ....နွေနှောင်းရော""သူ့အဖေဆီ ရိက္ခာသွားပို့တယ် လူလေးရဲ့
ဘာလို့""အော်.....တဘက်ခါ ဆွမ်းလောင်းကျ ဆန်လောင်းပေးအုံးပြောမလို့"
"အော်....နွေနှောင်းက အိမ်ကဟာလောင်းမှာလေ လူလေးရဲ့.....အော်ဒါမယ့်....Chigoလည်းမကြုံဖူးတော့ လောင်းခိုင်းပေးမယ်"
"အာ....ကလေးက ဗုဒ္ဓဘာသာမဟုတ်ဘူးမှတ်လား ကြီးမေရဲ့"
"အော်...မဟုတ်ပါဘူး...Chigoကဘာသာစွဲမရှိတာ
သားကဘာသာမဲ့ပဲပြောတယ့် ကလေး အဟင်းဟင်း
အထူးအဆန်းဆိုသူလုပ်ပေးမှာပါနော....ဆန်ယူခဲ့ပေးလိုက် အဲ့နေ့ကျ""အားနာစရာ.....မဟုတ်လည်းနွေနှောင်းပဲနှစ်ယောက်စာလောင်းခိုင်းရမယ်....
ကျနော် မအားလို့"
