🍓Ichigo🍓(Zawgyi)
"ထတော့...ရေသွားချိုးရအောင်"
"တစ်ရက်လောက်နားအုံးမယ်"
"ဟင်း...."
"ကိုကိုလည်းမချိုးချည်ပါနဲ့ ပျင်းစရာကို ရေချိုးရတာ"
"ငါတော့မပျင်းရပါလား
ထပါ ရေချိုးရအောင်လို့်"
ငပျင်းကိုအတင်းရေချိုးခေါ်ခဲ့ရလေသည်
ညနေပိုင်းရောက်သော် ရေမချိုးချင်ပဲချိုးခဲ့ရ၍လောမသိ ဗိုက်တွေအောင့်၍ မရှူနိုင်မကယ်နိုင်ဖြစ်ကာ ညတွင်းချင်းကြီး အိမ်ပြန်ခဲ့ရလေသည်....
"အင်းဟင်းဟင်းဟင်း....""ဘယ်လိုနာတာလဲ ဘယ်အနားလေးကလဲ ဂိုဂိုရဲ့သေချာပြောမှပေါ့"
"မသိဘူး ဗိုက်ထဲက
တစ်ခုခုကြောင့်နာနေတာ...အကျိတ်ထင်တယ်ဟင့်ဟင့် သေမှာမို့လား အာ့ကျွတ်ကျွတ်"မိမိတို့က သန္ဓေထင်နေခဲ့သော်ငြား ချက်ချင်းကြီးနာကျင်လာလေ၍ အကျိတ်ဟုလောပင် သံသယတွေဝင်ကုန်ကြလေတော့သည်
ကျောင်းမပြီးကြသေးသော ဆရာဝန်လောင်းများမို့ မိမိတို့လည်းယခုဖြစ်နေသည်ကိုတပ်အပ်မသိကြ
ခဏလေးသက်သာလိုက်အောင့်လိုမို့ လမ်းတွင်ပင်ဆေးခန်းမဝင်ကြတော့ပဲ အိမ်သို့သာအမြန်ပြန်မိကြသည်"အအေးမိသွားတယ်ထင်တယ်ကွာ...အရမ်းနာနေတယ်မို့လား ကလေးလေး ဟင်
ချွေးတွေလည်းပြန်နေပြီ...""တစ်ချက်တစ်ချက်စူးစူးကြီးအောင့်တာ ကိုကိုဟင့်
ကိုကို့ကိုမခွဲနိုင်ဘူးနော""မခွဲဘူးမခွဲရပါဘူး....သက်သာသွားမှာပါ"
သက်သာဟန်ဖြစ်လိုက် အော်လိုက်ဟစ်လိုက်ဖြင့် တစ်ညလုံး မိုးလင်းပေါက်မှာအိမ်အရောက်ပြန်ခဲ့ကြရလေသည်ဗိုက်ထဲတွင်ကလေးလေးဟူ၍လည်းမထင်မှတ်နိုင်ကြတော့ပဲ စိုးရိမ်သောကတွေချည်းဖြစ်ခဲ့ရလေ၏
မနက်အစောကြီးမြို့သို့ပြန်ရောက်လေသည်မို့ ဆရာစိုင်းဖခင်တာဝန်ကျရာဆေးရုံသို့ပို့ခဲ့ရပြီး ချက်ချင်းစစ်ဆေးစမ်းသပ်မှုတို့ပြုခဲ့ကြရသည်ခရီးအတူသွားသူတို့လည်းလန့်ထိတ်နေရပြီး Chigoကိုသာစိုးရိမ်ပြီး ဆေးရုံမှာအချိန်ကုန်စေကြသည်
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
"ကလေး....အဲ့တာက ကလေးလား ဟင် ဖေဖေ
တကယ်ကလေးရှိနေတာလား"
