🍓Ichigo🍓(Zawgyi)
မားကြည်ဖြူစေရန် မိမိတတ်သမျှလေးဝင်ကူလုပ်ကာလိမ်မာဟန်ပြုနေလေတော့ မားက မိမိကိုသဘောကျနေသည်လောစိတ်မချနေသည်လောမသိ
လင်လိုချင်နေမှ ဇွတ်လိမ်မာပြနေသည်ကလည်း သိပ်သိသာသွားလေရော့သလားမသိ မိမိကြမ်းတွေတိုက် အဝတ်တွေလှမ်းပေး မားချက်ဖို့ပြုတ်ဖို့ကူပေးဈေးသွားပေးနှင့်မျက်နှာလုပ်နေရသည်ကို ကိုကိုသေချင်းဇိုးကြီးကတော့သိမည်မထင်
မောသော်လည်း ညနေအမောပြေကြီးလာလေမည်မို့ မိမိမှာ ဇွတ်အမောခံနေရပြီး သူတော်ကောင်းလေးလုပ်နေရသည့် ညနေပိုင်း
"Chigo"
"ဗျာ"
"သားက ဆရာစိုင်းကိုခဏတာတွဲတာမို့လား သားလေး
သားအချိန်တန်ရင် ကောင်မလေးတစ်ယောက်ကိုယူပြီး အိမ်ထောင်ရေးတစ်ခုကိုဖန်တီးမှာမို့လား""ဟင့် ကိုကို့ကိုပဲအတည်ယူမှာ ဟွန်"
"အဲ့တော့တသက်လုံးမင်းတို့နှစ်ယောက်ပဲနေသွားမယ်ပေါ့
မင်းဆရာစိုင်းကနောက်ထပ်အသစ်ရှာသွားရင်ရော""ရှာမနေဘူးကိုကိုက"
"ပြောလို့ရတဲ့ကိစ္စမှ မဟုတ်တာ
ကိုယ့်ဒူးကိုယ်တောင်မယုံရဘူးတဲ့ မကြားဖူးဘူးလား""ကိုကိုက ယူလောက်ပါဘူး မားရဲ့"
"နင်ကျန်နေခဲ့မှာနော် အာ့ဆို
ငါကတော့ငါ့ယောကျာ်းနဲ့သာသာယာယာပဲ""သားကိုကိုကသာသားကိုထားသွားရင် မားနဲ့ဖေကြီးကိုခွင့်မလွှတ်ဘူး"
"ဟယ်...ဘာကိစ္စငါတို့လင်မယားတုန်း"
"အဲ့မှာ မားတို့က ကိုကို့ကိုလိုက်တောင်းပန်ပေးပြီး သားကိုအဆုံးထိပေါင်းဖို့ပြောပေးရမှာလေ
မားတို့သားမဟုတ်ဘူးလား သားက""နင့်လင်နင့်ဘာသာရှာထားတာလေ"
"ဒါမယ့် သားအသည်းကွဲမှာဆို မားတို့ကလိုက်မကူညီတော့ဘူးပေါ့"
"မင်းဖေကြီးနဲ့ငါတောင်ဘယ်သူ့အကူအညီမှမပါပဲ ညားခဲ့တာလေ"
"ကိုကို့ကိုမရရင်...."
"အေး...နင်ဘာဖြစ်မှာလဲ"