🍓Ichigo🍓(Uni)
နာကျဉ်မှုကိုဥပေက္ခာပြု၍ ခေါင်းအဆွဲခံကာ ထိုကလေးလေးကိုတစ်နေရာရာသို့ခေါ်ဆောင်သွားမိလေသည်
"ဗိမ်ကွမ်း....ဟျောင့်ကြီး....မင်းနော ပြန်ချပေးလို့..."
"ရေချိုးမယ်ဆို...."
"မချိုးချင်တော့ဘူး....ငါ့ကိုချပေး"
ဖြစ်ချင်သည်ကိုကသိကအောက်လုပ်၍ ငြင်းဆန်နေသည့် ကလေးအကြောင်းသူသိပြီးသားမို့ ဥယျာဉ်အတွင်းရှိရေကန်သို့ခေါ်ဆောင်သွားပေးလေသည်"ငါ့ကိုချလို့.....ပြော.....အဲ....."
မြင်လိုက်ရလေသော ဥယျာဉ်ကျယ်၏ လတ်ဆတ်လှသော လေကောင်းလေသန့် လှပသန့်ရှင်းသေသပ်လှသော ဥယျဉ်မြင်ကွင်းကြောင့် ရင်တွင်းဒေါသကငြိမ်းသွားရလေသည်....
ထို့နောက် Chigoအား အသာလေးချပေးလေသည်အခန်းအပြင်ရောက်နေသည်ကိုသတိထားလိုက်မိလေပြီး မိမိတို့အနောက်မှ အမျိုးသမီး ငါးယောက်ခန့်ပါလာလေသည်
တစ်ဦးမှာ Vinh Quangနောက်နားတွင်ခေါင်းငုံ့ထား၍ ကျန်လေးယောက်မှာ ရှေ့ဆင့်နောက်ဆင့်နှစ်ယောက်တစ်တွဲလိုက်ပါနေကြလေ၏.....လည်တိုင်အထိဖုံးလေသော ရင်ဖုံးဂါဝန်အရှည်ကဒူးအထိရှိ၍ လက်ရှည်ဖြစ်လေပြီး
ခါးအထကွဲနေလေကာ ဘောင်းဘီအရှည်ခပ်ပွပွနှင့်တွဲဝတ်ထားကြလေသည်
နံ့သာရောင်တူညီဝတ်စုံတို့ဖြင့်လှပသေသပ်ကြလေသည်ခပ်မြင့်မြင့်ဆံထုံးတို့ထုံးထား၍ ကျော့ရှင်းစွာလှနေကြ၍ Chigo ငမ်းနေမိလေသည်
"ကလေးလေး"
၁၂လက်မခန့်လက်ပွပွအင်္ကျီစကြီးက မိမိမျက်နှာရှေ့လာကွယ်၍ အံကြိတ်ကြည့်မိလေသည်"ရေချိုးမယ်ဆို"
အနောက်မှ မိန်းမငယ်တို့လက်တွင်းမှ အမွှေးပွအထည်တစ်မျိုးနှင့်ပိုးသားအဝတ်စတို့ယူလာပေး၍ နံ့သာဆီခွက်ကိုလည်းမြင်ရလေသည်
ထိုမိန်းမပျိုလေးများရေချိုးပေးမည်ထင်မိ၍ ပြုံးမိသွားရာမှ ရုတ်တရက်လန့်သွားကာရုပ်ကလေးကတည်သွားသည့် Chigo"Dâu...ကလေးလေးဘာဖြစ်နေတာလဲ"
"ရေချိုးမလို့....ဟွန်း..."
မိမိမြင်နေရလေသော ရေကန်သို့အလျှင်စလိုရှေ့မှ ဦးတောင်သွားမိ၍ မိမိကိုယ်ထက်မှ ရင်ကွဲဝတ်ရုံရှည်ကြီးကိုလျောချွတ်လိုက်လေပြီး ဘောင်းဘီကိုတော့မချွတ်တော့ပဲ ရေကန်တွင်းသို့ဖြည်းဖြည်းချင်းဆင်းလိုက်လေတော့သည်....
![](https://img.wattpad.com/cover/274930280-288-k732417.jpg)