🍓Ichigo🍓(Ep-30-2)
ပထမနှစ်၏အဆုံးသတ်ညနေပိုင်းဟုပြော၍ရလေမည်
စာမေးပွဲပြီးပြီးချင်း အပြေးတပိုင်းနှင့်ကျောင်းဝန်းအပြင်ထွက်ပြေးလာလေသူ Ichigo တစ်ယောက် လမ်းထက်မှ ဆိုင်ရာပိုင်ရာလူကိုရှာနေမိလေသည်နှစ်ချင်းမတူလေ၍ စီးချင်းနှင့်ရာရာတို့ကမနက်ပိုင်း၌ဖြေဆိုပြီးကြပြီမို့ နေ့လည်တစ်နာရီမှသုံးနာရီအတွင်းဖြေဆိုချိန်ရှိလေသည့် Chigoက ကျန်နေခြင်းပင်
နွေနှောင်းနှင့်ထူးသာတို့ လက်ထပ်ကြတော့မယ်မို့် တောင်ကြားသို့လေးယောက်သားခရီးထွက်ကြရန် စီစဉ်ထားကြပြီး ယခုစာမေးပွဲပြီးပြီးချင်း ခရီးနှင်ရန်လည်းဖြစ်နေလေသည်
အထုပ်အပိုးတွေလိုရမယ်ရတွေယူခဲ့ကြပြီး Chigoကိုခေါ်၍ ခရီးဆက်မည့်လူတစ်စုက ကျောင်းရှေ့တွင်လည်တရှည်ရှည်ဖြင့် စောင့်နေရ၏
"ဂိုဂို...."
လမ်းတစ်ဖက်မှ ရာရာ၏ခေါ်သံကြားမှ လမ်းကိုဖြတ်ပြေး၍ ရောက်လာလေသူ ဆရာသမားက စီးချင်းနှင့်ရာရာထံ လွယ်အိတ်နှင့်အဖြေလွှာတွေထိုးထည့်ပေး၍ သူ့ကိုကိုအပေါ်ပြေးခုန်တက်၍ဖက်လိုက်သည်က ဖားပေါက်စလေးနှယ်မို့ ဆရာစိုင်းမိမိအကောင်ပေါက်ကို ပွေ့ဖက်ထိန်း၍ ရယ်မိလေသည်
"အား ယောကျာ်း ငါ့ကိုကိုလေး ငါ့မှာလွမ်းနေတာ"
"အမယ်လေးဟ စာမေးပွဲလေးဖြေတာ ၃နာရီကို"
"ဒို့လင်မယားတွေပဲနားလည်တာနော် ယောကျာ်း"
"အေးပါကွာ အေးပါအေးပါ ဖြေနိုင်လား Chigoလေး"
"မဖြေနိုင်ရအောင်ဘယ်သူမို့လို့လဲ"
"အေးပါကွာ Chigoပါ Chigoပါ"
"ဟီးဟိ....."
သုံးနာရီကြီးများတောင်ခွဲထားရသည့်အတွဲအလွမ်းသယ်ကြပြီးနောက် ကားပေါ်တက်ခဲ့ကြလေသည်ကျန်သုံးယောက်က ကော်ဖီသောက်၍ Chigoကတော့ ယခုတလော Juiceတွေချည်းအကြိုက်သောက်နေ၍ သူ့ဖို့ကစတော်ဘယ်ရီဖျော်ရည်ဗူးလေးအသင့်ဝယ်လာရလေသည်
"ကလေးလေးသားကိုအာဘွားပေးဖို့မေ့နေတာလားဟင်
Bakemono""ဟော ခေါ်ပြန်ပြီအဲ့လို"