Extra-1

4.4K 253 6
                                    

🍓Extra🍓

"Oi Oi Oi(hey hey hey)
...လာ...လာ...ပြန်လာခဲ့လိုက်ကြစမ်းပါ
လာခဲ့နော်"
လက်ညှိုးငေါက်ငေါက်ထိုး၍ မိမိသားသမီးကိုယ်မိမိအာဏာတွေပြမိရင်း မျက်လုံးအပြူးသားဖြင့်ခြောက်ကြည့်ကြည့်နေမိလေသည်

ထိုမှ ဆူမဲ့မဲ့ကလေးတွေဖြင့်အသနားခံသောမျက်ဝန်းညိုဝိုင်းဝိုင်းလေးတွေကိုယ်စီဖြင့် ရောက်ရာနေရာရပ်တန့်သွားလေသောမနိုင်စိန်တို့

အခန်းအပြင်ထွက်ဖို့အမြဲချောင်းနေလေသော သားနှင့်သမီး တစ်နှစ်ခွဲပင်ပြည့်ခဲ့ပြီမို့ သွားချင်ရာကိုတတောက်တက်တက်ဖြင့်သွားချင်နေကြလေပြီ

ယခုလည်းအိမ်အောက်ဆင်းချင်ကြဟန်တူသည် မိမိကျောပေးလိုက်သည်နှင့်အတိုင်အပေါက်ညီစွာ ပိတ်ရန်မေ့ထားသောတံခါးပေါက်မှပြေးထွက်သွားကြလေသည်

"ဘိုဘို
ကူရာ
လာကြနော်...မားကရိုက်မှာဗျ အောက်ဆင်းရင်"

"ဟင့်အင်....ဖွား"
"ဖွား...ဆီ"

ဒေါ်နန်းမီအိမ်အောက်တွင်ရှိသည်အထင်နှင့် အောက်ထပ်ဆင်းချင်နေကြလေသော သားနှင့်သမီး
"ဖွားဖွားကမရှိဘူး ပြန်လာခဲ့ အထဲပြန်ဝင်လာ
ဖွားဖွားကညနေမှအိမ်ပြန်ရောက်မှာ"

"ပါး...ပါပါး"
"ဟင့် ပါး"

"ပါပါးကလည်းအလုပ်မှာ လာလာ ပါးဆီကိုဖုန်းခေါ်ပေးမယ် လှေကားပေါ်ကပြုတ်ကျလိမ့်မယ်နော် အချစ်တုံးလေးတွေက အပြင်မထွက်ကြနဲ့"
အလစ်သုပ်၍ လက်ကလေးတွေကိုဆွဲထားလိုက်ပြီး
ချော့၍ ပြန်ခေါ်သော်လည်း ခေါင်းမာလေးတွေက သူ့လက်မှအတင်းရုန်း၍ ထိုလှေကားဆီကိုချည်းသာအတင်းရုန်းသွားချင်နေကြလေဟန်

"မရုန်းနဲ့မရုန်းနဲ့နာမယ်...နာမယ်...ရာ့ အေးနော်
မားစိတ်တိုတော့မှနော် မားငိုလိုက်မှာနော် စကားနားမထောင်ရင်"

"အင့်ဟင့်...ဖွားဖွား...ဟင့် ဖွားဆီ"
"ဘား....ပါဘား...ဆီ"

"မရဘူး...အား...မရဘူးလို့...အားဟာ့
အီးဟီးဟီးဟီး....အားဟား"
ဟန်ဆောင်၍ အသံကျယ်ကျယ်ဖြင့်ငိုဟန်ပြလိုက်လေမှအရုန်းရပ်သွားကြလေ၍ မိမိကို ကိုယ်စီလာဖက်ကြ၍ မျက်နှာကိုလက်ကလေးတွေဖြင့်ပုတ်သူကပုတ် လည်တိုင်ကိုခိုဖက်သူကဖက်ဖြင့် အမေငိုလျှင်သူတို့မှာ ချော့တတ်ပြန်သည်

🍓Ichigo🍓(Completed)Where stories live. Discover now