Chapter-11(Zawgyi & Uni)

5K 358 4
                                    

🍓Ichigo🍓(Zawgyi)

မူးရိပ်နေလေသောခေါင်းတစ်ခုလုံးကိုဖြတ်ထားပစ်လိုက်ချင်သည့်ခံစားချက်နှင့်အသက်ဆက်ရှင်နေသည်လောမရှင်သည်လောမသိသည့်ခံစားချက်
ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းနေလေပြီး အကြောအချဉ်တို့ဆိုင်းနေလေသည့်ခံစားချက်က လေးလေးပင်ပင်

မျက်ခွံတို့လေးလံနေလျက်အသံတို့တိတ်ဆိန်နေသော်ငြား မိမိနဘေးလူရှိနေလေသည့်ခံစားချက်က အားကိုးတရှိဖြစ်မိလေသည်

"အင်း......."
အလိုလိုငြီးတွားသံလေးထွက်သွားမိလေပြီး မျက်လုံးတို့ကိုအားယူဖွင့်ကြည့်လိုက်မိလေရာ.....အနီရောင်မျက်နှာကြပ်ကကြိုလင့်နေလျက်....အသေအချာကြည့်မိမှမျက်နှာကြပ်မဟုတ်နေပဲ အဝတ်စနီနီတစ်ခုဖြစ်နေလေသည် ခြင်ထောင်လော ဘာလောမသိ ပါးလွှာလွှာအနီရောင်အစတစ်ခုဖြစ်နေလေသည်

နဘေးပတ်လည်တွင်လည်း ပါးလွှာလွှာအနီရောင်အဝတ်စတို့ကိုခပ်ဖွဖွဖဲကြိုးဖြင့်ချည်ထားလေသောပုံစံက မင်္ဂလာခုတင်လိုလို အခမ်းအနားတစ်ခုလိုလိုမို့ မိမိသေသွား၍ ဈာပနဝိုင်းလုပ်နေကြသည်လောအတွေးကဖြတ်ဝင်လာကာ ထထိုင်ရန်ကြိုးပမ်းသော်ငြား

"အာ.....ကျွတ်ကျွတ်"
နာလွန်းသော်ငြား တိုးသဲ့သဲ့သာထွက်လာသည့်မိမိအသံက သာသာကလေးဖြစ်နေလေသည်

"Dâu.......(ဇို)"
မိမိနားတွင်းသူစိမ်းဆန်စွာဝင်လာလေသော အသံတစ်ခုကြောင့် အားယူ၍ထကြည့်ရန်အားယူမိသည်

"Dâu....ကလေး...."
မူးရိပ်ရိပ်အာရုံတို့လွင့်ပျောက်သွား၍မြင်လိုက်ရလေသော လူတစ်ယောက်၏ ပုံရိပ်ကြောင့်....

"အားဟားဟား....အားဟား...အဟားဟား....ကိုကို..ဘာကောင်ကြီးလား...အားဟားဟား....ဆံပင်အတုကြီးနဲ့ ကိုကိုစိတ်ဖောက်သွားပြီလား.....အဟိဟိ ခိခိခိ...."
နာကျင်မှုတို့ကိုမေ့ကာ အူတက်၍ လူးလှိမ့်အော်ရယ်မိလေသော Chigoမြင်ရလေသောလူ၏ ပုံစံမှာ အနက်ရောင်ဆံနွယ်ရှည်တို့နှင့် သူ့ ဆရာကိုကို

ကျောပြင်တစ်ပြန့်လုံးထိလွှမ်းနေလေသောထူထဲနက်မှောင်နေသည့်ဆံပင်အရှည်ကြီးကို ဆံပင်အတုဟုမြင်ကာ Chigo အူတွေတက်နေလေသည်

🍓Ichigo🍓(Completed)Where stories live. Discover now