🍓Ichigo🍓(Zawgyi)
"ကလေးလေး.....အချွဲကျဆေးလေး ထသောက်အုံး"
ညစာစားပြီးလှဲနေရင်းအိပ်ပျော်သွားသည့် ကလေးငယ်ကိုနှိုးပြီး ဆေးတိုက်ပေးရလေသည်
ရေချိုးမှားချင်သလိုမှချောင်းဆိုးနှာစေးဝင်၍ ဖျားနေပုံကြောင့်အိမ်သားတွေအကုန်လည်း စိတ်ပူနေကြလေသည်အစောပိုင်း အန်တီနန်းမီကခြေထောက်လေးတွေနှိပ်ပေး၍ အပူထွက်ကာအိပ်မောကျသွားမှ ပြန်သွားလေသည်
ယခုလည်းဦးစိုင်းခေးက အချွဲပျော်ဆေးလာပေး၍ ဆေးအားသိပ်မပြင်းသည်ကို ဝင်အောင်တိုက်မှသက်သာမည်ဖြစ်၏
"ကလေးငယ်....Chigoလေး...ကလေးလေး""အင်းအဟင်း...အဟင်း အွန်း"
"ဗိုက်တွေအောင့်နေတော့မှာပဲ ချောင်းဆိုးတာနဲ့"
"ဖျားတော့မှာလားမသိဘူး သားနေရတာပူနေသလိုပဲ"
ငွေ့နွေးနေလေသောနဖူးလေးကိုစမ်းကြည့်လိုက်ပြီး အချွဲကျဆေးလေးကိုသေချာတိုက်ပေးမိလေသည်
ဆောင်းတွင်းပိုင်းမို့ရေချိုးမှားကာ နေမကောင်းဖြစ်ချင်နေသည့် ကလေးကိုစိတ်ပူပြီးရှုပ်နေသည့်အလုပ်တွေကို လှည့်ကိုမကြည့်ဖြစ်"အဟွတ်အွန်းအဟင်း....
ကျွတ်ကျွတ်....ကျောအောင့်လိုက်တာ""အကို့ကိုမှီ နှိပ်ပေးမယ်"
"ရပါတယ် အင်း...အန်တီနှိပ်ပေးထားတာပဲကို
ကိုကိုအလုပ်ရှိရင်သွားပါ
သားအိပ်တော့မယ်လေ
အဟွတ်အဟွတ်...""ဂျယ်လီတွေအများကြီးစားမိလို့လား အချွဲတွေကြပ်နေလိုက်တာ...."
"ချိုချဉ်လည်းစားမိထားတယ်
သားအစားမဆင်ခြင်မိလို့ပါ...""ကလေးတွေအဆင်ပြေကြရဲ့လားမသိဘူး"
"သားတောင်းပန်ပါတယ်
သူတို့လည်းနေရခက်နေမယ်ထင်တယ် ချောင်းကဆိုးနေရတော့""ဆေးသောက်လိုက်ပြီဆိုတော့ မနက်ဖြန်ဆိုပျောက်သွားတော့မယ်ထင်ပါတယ်...အိပ်တော့...အကိုဖက်ထားမယ်"
"ကိုကို...."
"ဗျာ"
"......"
"ပြောလေ ကလေးရဲ့ ဘယ်လိုနေလို့လဲ နေရခက်နေတာလား ဟင်
ဗိုက်ကြောတွေနာနေသလား"