🍓Ichigo🍓(Zawgyi)
လေတိုက်လျှင်ပင်စိတ်ကောက်သည် ဟူသော စကားတစ်စုက သူ့နဘေး၌ကလေးငယ်ရှိခဲ့စဉ်က အတည်ပြုနိုင်ခဲ့လောသော သက်သေ
နေပူလျှင်လည်းသူပူ၍ စိတ်တိုကာလူကိုမဲတတ်သည်
လေတိုက်လျှင်လည်း ကိုကို့လေက ကြမ်းပြန်ပြီဟုဆိုကာ ပြသနာပြုတတ်လေသူ
မိုးရွာလျှင်လည်း မိုးရာသီ၏ပိုးကောင်ငယ်များကိုသူမသတီ၍ မိမိအိမ်ဝန်းတွင်းထိုအကောင်များတွေ့လျှင်ပင် မိမိကဖိတ်ခေါ်ထားသယောင်ရန်ရှာလေသူဆောင်းအကုန်နွေအကူးလေးက ခေတ္တမျှအလည်ရောက်လာပြီး ထိုဥတုပုံစံမတည်ငြိမ်မှုတို့ကြုံခဲ့ရ၍ မြင်မြင်သမျှကအမှတ်ရစဖွယ်ချည်းသာ
မိမိကသာအကြီးမို့ကလေးကိုမှားမှားမှန်မှန်ချော့ရမည်ဟူသော အတွေးနှင့်တစ်ဖန်အခွင့်အရေးရလျှင် မျက်နှာတစ်ချက်မညှိုးရအောင်ထားပေးချင်သေးလေသည်
စိတ်ဆိုးလွယ်သူမို့ ယခုတွင်လည်းမည်သူကချော့ရှာပ့မည်နည်းအတွေးက လူကိုသတ်နေပြန်သည်အချစ်ဦးလည်းဖြစ်လေသလိုအချစ်ဆုံးဟုသာမိမိထင်မှတ်ထားသည့် ကလေးငယ်
ခွဲရသည်ကတစ်ရက်ပင်တင်းတင်းမပြည့် ချက်ချင်းလမ်းခွဲစကားဆိုလာသည်က အဘယ်မျှခံရခက်လေသည်ကိုတော့ ထိုကလေးလေး ဘယ်သိပ့မည်နည်းဝဋ်ကြွေးပင်ဆန်လေသလောမသိ မိမိချစ်ရသူတို့က မိမိအနားမည်သို့မှကြာရှည်မရှိ
ကားလမ်းတစ်လျှောက်ကမြင်ကွင်းမှန်သမျှကိုငေး၍ အသံတိတ်ကာ ဖခင်၏ အခြေချရာနေရာသို့ စိတ်ပြေလက်ပျောက်အလည်ဟုခေါင်းစဉ်တပ်ခါလိုက်သွားမိလေသည်
ဦးစိုင်းခေးသည်တော့ သားဖြစ်သူပါလာလေ၍ ဇနီးဖြစ်သူနှင့်ပင်အတူမထိုင် သားဖြစ်သူနှင့်ကားနောက်ခန်းတွင်ထိုင်ကာ မျက်နှာလန်းလန်းဆန်းဆန်းရှိလာလေသည်ကို ဒေါ်နန်းမီက သတိထားမိကာ သူမပါလိုက်၍ယောကျာ်းဖြစ်သူအစားစိတ်ချမ်းသာမိပြန်လေသည်
"သားအဖနှစ်ယောက် တိတ်နေကြပ့လား"
ဒေါ်နန်းမီအသံကြားမှ ဆရာစိုင်းလည်းအတွေးကြောပြတ်သွားမိလေသည်
"သား...ပျင်းနေပြီလား"
![](https://img.wattpad.com/cover/274930280-288-k732417.jpg)