🍓Ichigo🍓(Zawgyi)
"အင့်အင်း...ကိုကိုရေ"
"အိပ်တော့...ဂျစ်မနေနဲ့တစ်နေကုန်"
နမ်းမဝသည့်ပါးကလေးကိုတဝကြီးနမ်းရှုံ့ထားလိုက်ရင်း နှုတ်ခမ်းတို့ဖြင့်ဖိညှပ်၍ အူယားနေမိသည်က မိမိဘဝတွင်းယနေ့တွင်ခြေစုံပစ်၍ဝင်လာသော ကလေးငယ်ကြောင့်"ဝမ်းနည်းနေတာကို ကိုကိုကလည်း"
"ညနေကစားထားတဲ့ ဖက်ထုပ်သုံးပန်းကန်ကိုလည်းအားနာပါအုံး ဗိုက်အင့်နေတယ်တော့လုပ်ပါ"
"တစ်ပွဲမှ ဆယ်ခုလောက်ပါတာကို
အချဉ်ရည်ကလည်းရှယ်ကောင်းနေတော့ လူလိုတောင်ထိန်းမစားနိုင်အောင်ဖြစ်သွားတာ
ကိုကိုကဘာဖြစ်လို့တုန်း အန်တီနဲ့အန်ကယ်ကတောင် ကြည်ကြည်ဖြူဖြူကျွေးနေတာကြီးကို...အွန်ဟင့်ဟင့်....""မဟုတ်ပါဘူး မျက်ရည်တွေနဲ့စားထားလို့အတော်လေးကိုလေးစားနေတာပါ မင်းလေးကို"
"မျက်ရည်ကမျက်လုံးကကျတာပဲ ပါးစပ်ကကျရတာမှမဟုတ်တာ သူ့တာဝန်နဲ့သူပေါ့"
"အာ....ရှစ် ကျစ်
ဘာလို့ချစ်စရာကောင်းနေရတာတုန်း မိစ္ဆာကလေးရဲ့
ငါကိုက်သာစားလိုက်ချင်တော့တယ်""ဗိုက်အင့်လိုက်တာ"
"သေအောင်စားသောက်နေတာကို အကိုခွံ့ကျွေးတဲ့ထမင်းကိုတောင်မစားနိုင်အောင် သူ့ဖက်ထုပ်ကို
မနက်ဖြန်တခြားဟာစား ဖက်ထုပ်တွေချည်းစားရင် ရင်ပြည့်လိမ့်မယ်""သားလူပါးဝနေသလားဟင်
သူများအိမ်တက်ပြီး တစ်ဖြဲနှစ်ဖြဲစားနေတာ တကယ်က မားကဖက်ထုပ်လုပ်မကျွေးလို့ပါ သားကလည်းမလုပ်တတ်တော့ အပြင်မှာတွေ့မှစားဖြစ်တော့ ငတ်ရာကျသွားတာပေါ့""အဟင်းဟင်းဟင်း...အကို့ကလေးငယ်လေး ဗိုက်ပြည့်ပြီး အကို့နားကထွက်မသွားဖို့ပဲအဓိက
အကို ဖေဖေတို့ဆီမှာနေရတာ တလောကသိပ်အားနာတယ် အသားလည်းမကျဘူး
ခုလိုကလေးကိုရောလက်ခံပေးကြတော့ နေရတာ ကိုယ့်နေရာလေးကိုယ်မှာရှိနေသလိုခံစားလာရတယ်""သားအရှိန်အဝါကကြီးတယ်လေ ကိုကိုရဲ့
ဟိဟိ...""အေးပေါ့အေးပေါ့...မင်းအရှိန်အဝါတွေပေါ့... "