𝟭🌺

5K 270 4
                                    

Unicode

ခပ်တိုးတိုးကြားနေရသည့် လူတို့ရဲ့စကားပြောသံမ​ျား။ တစီစီဖြင့် စားပွဲဝိုင်းတစ်ခုမှာ နှစ်ယောက်ဖြစ် စားပွဲဝိုင်းပေါင်းများလာသည့်အခါ အသံတို့ဟာလည်း ပို၍ဆူသွားရသည်။

ထိုကြားထဲ ခပ်တိုးတိုးသာ ကြားနေရသော Jazz music.... ။ အင်း....ဒီMusicကို ကျွန်မရင်းနှီးတယ်။ ဒါ Chet Bakerရဲ့ Round Midnightပဲ။ Jazzဂီတကို လွန်သွာနှစ်သက်သည်...။ ထိုဂီတနှင့်ပတ်သတ်၍ တစ်ချိန်က လှပတဲ့ အမှတ်တရလေးတွေက ယခုအချိန်မှာ Jiminအတွက် စိတ်ဒဏ်ရာရစေသည်မို့ သဘောကျရသော ဂီတကို ဆက်မနားစင်ဖြစ်တော့...။

တေးသွားလေးနှင့် ငြိမ့်မြူးမြူးစီးမျောမိတော့.....ကျွန်မဟာ ၁၉၄၄ခုနစ်က Jazz music ဖျော်ဖြေရေးရှိသည့် Barမှာ ဝီစကီလာသောက်သည့် မိန်းမတစ်ဦးသဖွယ်။ တူညီသည်က ထို ၁၉၄၄ Park Jiminသည်လည်း ယခုခေတ်က ကျွန်မ Park Jiminကဲ့သို့ တစ​်ယောက်ထဲ အထီးကျန်နေမည်သာ...။ သက်လတ်ပိုင်း ကျွန်မဟာ ကိစ္စတစ်ခုကြောင့် လူငယ်များစွာလာတတ်သည့် Jasmine cafeဆို့ ချိန်းဆိုခံခဲ့ရသည်။

အေးစက်စက် Latteတစ်ခွက်ဟာ Jiminကဲ့သို့ပင် ငြိမ်သက်လျက်...။ Jiminနှင့် အထီးကျန်နေသည့် Latteတစ်ခွက်မှလွဲ၍ အားလုံးဟာ လှုပ်ရှား ကျင်လည်နေကြ၏။

"ဟယ်....မေမေ....မီးမီးဘောလုံးလေးလွတ်သွားပြီ....။"

ကလေးငယ်လေးမှာ သူမလက်ထဲက ခရမ်းရောင်ပူပေါင်းလေး ပုစွန်နီရောင်သမ်းနေပြီဖြစ်တဲ့ ညနေခင်းကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်းပျံတက်သွားတာကိုကြည့်ကာ ငိုမဲ့မဲ့ဖြင့်...။ ဒါကို Jimin လှမ်းကြည့်ကာတွေးလိုက်မိက ကလေးငယ်တွေဟာ ထိလွယ်ရှလွယ်လွန်းပြီး ပိုးမျှင် နုနယ်လွန်းကြသည့် စိတ်ရှိကြသည်။ သူတို့အတွက် ဤကဲ့သို့ ဘောလုံးလေးတစ်လုံး မိုးပေါ် ရွေ့သွားတော့မည့်အဖြစ်ကိုတောင် တွေးကြည့်ပြီး ဝမ်းနည်းနေရှာတာ။ အကယ်၍ သူတို့မိဘတွေနဲ့ ခွဲနေရမယ်ဆိုရင်ရော သူတို့ရဲ့ နူးညံ့လွန်းတဲ့နှလုံးသားဟာ ခံနိူင်ရည်ရှိပါ့မလား ဒါကို Jiminမတွေးခဲ့မိဘူးပဲ။

ပူပေါင်းလေဟာ ကံကောင်းချင်တော့ သစ်ပင်၌သာ ညိနေလေသည်။

"မေမေရေ....ယူပေးပါနော်...။"

~•𝖧𝖮𝖬𝖤•~Where stories live. Discover now