- ဆာလောင်နေတဲ့ကျားသစ်ပေါက်လေး
ရုံမင်ရှီက သားကောင် ကို ၁၇ ကြိမ်မြောက်တိုင်သည်အထိ အမဲလိုက်ခဲ့သော်လည်း ရှုံးနိမ့်နေဆဲသာဖြစ်တယ်။ ကျားသစ်ငယ်လေးက ကျောက်တုံးပေါ်တွင် သနားစဖွယ်လဲလျောင်းကာ မြက်ပင်ကြားထဲသို့ ခုန်ဝင်ကာပျောက်ကွယ်သွားတော့မယ့် ယုန်အားကြည့်သာနေလိုက်ရတော့တယ်။ ဒီနေ့တော့သူသေချာပေါက်ကို ငတ်ပြီဖြစ်တယ်။ ခန့်မှန်းရလျှင်တော့ သူကငတ်သေပြီး ကျောက်တုံးပေါ်တွင် ရာသီဥတုဒဏ်ကြောင့် လွှင့်ပြယ်သွားမည့် ကျားသစ်ဖြစ်လာလောက်တယ်။
သေလွန်ပြီး နောက်တဖန်ပြန်လည် မွေးဖွားခြင်းက သဘာဝကျကျပင် ကံအကောင်းဆုံးအရာတစ်ခုဖြစ်တယ်။ သို့သော်လည်းတိရစ္ဆာန်တစ်ကောင်၌ ပြန်လည်မွေးဖွားပါက ထိုကောင်းသောကံမှာ ထက်ဝက်လျော့နည်းသွားမည်ဖြစ်လေသည်။ ထို့အပြင်ထပ်မံ၍ စောင့်ရှောက်ပေးမည့် သားရဲအမေ မရှိပါကလည်း ထိုကံကောင်းမှုမှာထပ်မံ၍ထက်ဝက်လျော့နည်းသွားပါပေမည်။
ကြောင်ပေါက်လေးအရွယ် ရှိတဲ့နှင်းကျားသစ်ပေါက်လေး ရုံမင်ရှီက ကျောက်တုံးပေါ်တွင် လဲလျောင်းကာကောင်းကင်ပေါ်မှ ငှက်များအားကြည့်နေခဲ့တယ်။ သူ့ရဲ့သေးငယ်တဲ့ခြေသည်းလေးတွေနဲ့ ခေါင်းကိုတစ်ချက်ကုတ်လိုက်ပြီး လျှာသေးသေးလေးနဲ့ သူ့ရဲ့နှုတ်ခမ်းလေးကို အသာယက်လိုက်တယ်။ သူကဗိုက်ဆာလွန်းတာကြောင့် သူ့ရဲ့သေးငယ်တဲ့ လက်ဖဝါးလေးနဲ့ သူ့ဗိုက်လေးကိုဖိထားလိုက်ရတယ်။
К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
Snow leopard 💓
ကံမကောင်းစွာနဲ့ဘဲငယ်ရွယ်တဲ့ ကျားသစ်ပေါက်လေးက လမ်းသေချာမလျောက် နိုင်တာကြောင့် အမဲလိုက်ရန်ခက်ခဲလွန်းလှတယ်။ ၁၇ကြိမ်မြောက်ကြိုးပမ်းမှု အပြီးမှာတော့ရုံမင်ရှီ တစ်ယောက်ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှုအရ အမဲလိုက်ခြင်းအစီအစဉ်ကို စွန့လွှတ်လိုက်ရတော့တယ်။ ရုံရှီမင်မှာ တကယ်ကိုအားမရှိတော့ပေ။ သူကကျောက်တုံးကိုမှီကာ ခဏမှိန်းနေပြီး အားအင်ပြန်လည်စုစည်းလိုက်တယ်။ သားကောင်မရတဲ့အဆုံးမှာတော့ ကျားသစ်ပေါက်လေး ရုံမင်ရှီက သူလုပ်ထားခဲ့တယ့် ရိုးရှင်းတဲ့ထောင်ချောက်တွေစီပဲ ဦးတည်လိုက်ရတော့တယ်။
