CHAPTER 77
Rong Mingshi ကရွှေရောင်စောင်အောက်တွင် ကွယ်လို့နေသည့်ရွှေဥလေးကို ဂရုတစိုက်လေ့လာကြည့်ရှုနေသည့်အချိန်တွင်ပဲ ငြင်သာတဲ့ ခြေသံတွေဟာ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ ရင်းနှီးကျွမ်းဝင်ရှိလှသော ပူလောင်သည့်လေများက သူ့ထံသို့အလုံးအရင်းပြေးဝင်လာခဲ့သည်။ Rong Mingshi ကသူ့လက်ထဲရုပ်ထွင်းလေးကိုကိုင်ထားရင်း ရီချင်စရာအမူအရာဖြင့် ခေါင်းလေးမော့ကာကြည့်လိုက်လေသည်။ ထိုအချိန်တွင်ပဲ သူသည်နဂါးနက်ကြီး၏ စူးရှနက်ရှိုင်းသောအကြည့်တို့ကို မြင်လိုက်ရသည်။
နဂါးနက်ကြီးအား သုံးရက်ကနေ ငါးရက်လောက်အထိ သူစိတ်ပူနေရတော့မည်ဟု ထင်ထားခဲ့သည့် ကျားသစ်လေးဟာ မျက်တောင်လေးများပုတ်ခပ်ခပ်ဖြစ်သွားပြီး သူပုံရိပ်ယောင်တစ်ခု မြင်နေရသည်ဟု ထင်မှတ်လုနီးနီးပင်ဖြစ်သွားခဲ့သည်။ Aojia က မကြာသေးမီကလေးတင်အန္တရာယ်တွေကြားရှိနေခဲ့တာမဟုတ်ဘူးလား? သူကဘာလိုလုပ် သူ့ရှေ့မှာ ရုတ်တရက်ပေါ်လာရတာလဲဟင်? ပျံပြီးလာတယ်ဆိုရင်တောင်မှ ဒီလောက်မြန်မြန်ပြန်လာနိုင်မှာမဟုတ်ဘူးလေ...
Aojia ရဲ့ပူလောင်သော ထွက်သက်ဝင်သက်လေသည် လျင်မြန်စွာပင် သူ့နားရောက်ရှိလာခဲ့ပြီး သူ၏ လက်ချောင်းများက ကျားသစ်ငယ်လေး၏ အမွေးပွနေသော မေးစေ့လေးကို ညင်သာစွာ မြှောက်ပင့်လိုက်သည်။ "Rong Rong ကျောက်တုံးက ဘယ်မှာလဲ"
ကျားသစ်ငယ်လေးမှာ Aojia ၏ ပူလောင်သည့် ဝင်လေထွက်လေကြောင့် ရီဝေဝေဖြင့် မူးဝေလာခဲ့သည်။ သူ့မျက်လုံးများထဲ ရောထွေးနေခဲ့ပြီး Aojia ရဲ့မေးခွန်းကို ပြန်မဖြေဘဲ ခေါင်းညိတ်သာလိုက်မိသည်။ ထိုအချိန်၌ အိမ်ထိန်း Baba ကလျင်မြန်စွာဖြင့် တုံ့ပြန်ခဲ့သည်။ အိပ်ရာဘေး သို့မဟုတ် စက်လုံးထိုင်ခုံရဲ့နောက်ဘက်သို့ ကျားသစ်ငယ်လေး အမြဲလိုလို လျှောက်ပစ်ချခဲ့လေ့ရှိသော ဖောက်ထွင်းမြင်ရတဲ့နှင်းကျားသစ်အကြည်ရုပ်လေးကို ကိုင်ဆောင်ကာ ထွက်ပေါ်လာခဲ့သည်။ "ဒီမှာ ဗိုလ်ချုပ်ကြီး"
Aojia သည် ကျားသစ်ငယ်လေးကို အခြားလက်ဖြင့် ပွေ့မြှောက်ထားစဉ် အခြားလက်တစ်ဖက်ဖြင့် အိမ်ထိန်း၏လက်ထဲမှ ကျောက်တုံးကို လှမ်းယူလိုက်သည်။ သူသည် နဂါးအတောင်ပံများကို ဖြန့်ပြီး ဧည့်ခန်းမှ မြေအောက်ရှိ ဓာတ်လှေကားဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။
