CHAPTER 76
ဗိုလ်ချုပ်ကြီးမှာ သူ၏ နှင်းကျားသစ်လေး၏ စကားကိုကြားလိုက်စဉ် သူက Zerg နန်းတော်မှ လျှောက်ကာထွက်လာနေပြီဖြစ်သည်။ နဂါးအကြေးခွံများက သူ၏ခြေရင်းမှသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ထိုအချိန်တွင် ဖိနှိပ်ခံထားရသည့် တောက်လောင်နေသော မီးတောက်များနှင့်နဂါးအတောင်ပံများကလည်း ထွက်ပေါ်လာခဲ့သည်...။
ဒီအခြေအနေကြောင့် Hoss သည် အခြားသို့ရောက်သည်အထိ ထခုန်မိသွားခဲ့သည်။ သူသည် ဗိုလ်ချုပ်ကို ထိတ်လန့်စွာ စိုက်ကြည့်ရင်း ရုတ်တရက် ကျားတစ်ကောင်အဖြစ်သို့ပါ ပြောင်းလဲသွားခဲ့သည်။ သူသည် ဗိုဘ်ချုပ်ကြီး၏တိုက်ခိုက်နိုင်စွမ်းကို ယခုမှတွေ့မြင်ဖူးတာဖြစ်လေသည်။ ဗိုလ်ချုပ်ကြီးသာ စိတ်ကြွရူးသွပ်မှုဖြစ်ပါက Zerg နန်းတော်တစ်ခုလုံး ပျက်စီးသွားမည်ကိုတောင် သူစိုးရိမ်မိသည်။
တကယ်တော့ Hoss ကသူ့စိတ်ထဲတွင် စိုးရွံ့ကြောက်ရွံ့နေမိပါတယ်။ ဗိုလ်ချုပ်ကြီးက သူ့လက်အောက်ငယ်သားအချို့ကို ခေါ်ဆောင်လာခဲ့သောကြောင့်သာ မည်သည်ကိုမျှကြောက်ရွံ့မှုမှမရှိဘဲ Zerg နယ်မြေသို့ အေးဆေးတည်ငြိမ်စွာ ဝင်ရောက်လာခဲ့တာပဲဖြစ်တယ်။ အကယ်၍ဗိုလ်ချုပ်ကြီးကသာ ကြိုတင်မစီစဉ်ထားခဲ့ဘူးဆိုရင် အမျိုးသမီး Zerg စစ်တပ်ရဲ့ ဝိုင်းရံမှုအောက်မှာ သူတို့ သေဆုံးသွားနိုင်တယ်။
သူတို့အောင်နိုင်သွားတော့လည်းပဲ ဧကရာဇ်မင်းမြတ်၏ လျှို့ဝှက်လုပ်ဆောင်မှုများအကြောင်းကို သူတို့တတွေ အမျိုးသမီး Zerg စစ်တပ်ခေါင်းဆောင်ထံမှ ကြားသိလိုက်ရတယ်။ အကယ်၍ သူသာဗိုလ်ချုပ်ကြီးဖြစ်လျှင် ဧကရာဇ်က သူ့အားအဆုံးသတ်ဖို့ ဇာ့ဂ်တွေအားထောင်ဖမ်းခိုင်းရန်အတွက် လူသန်းပေါင်းများစွာကို ရန်သူနိုင်ငံ၏မျိုးပွားစက်များအဖြစ် သိန်းနှင့်ချီစတေးခဲ့ကြောင်း သိရှိလိုက်ရမည်ဆိုလျှင် သူသည်လည်း ထိတ်လန့်သောကရောက်ပေလိမ့်မည်။
Hoss သည် မီးလျှံမီးတောက်များဖြင့်ပေါက်ကွဲတော့မည့်ပုံပေါ်သည့် ဗိုလ်ချုပ်ကြီးအား သတိပြန်ဝင်ပြီး ကိုယ့်ကိုကိုယ်ကိုထိန်းသိမ်းနိုင်စေရန် အော်ဟစ်ကာသတိပေးလိုက်သည်။
