CHAPTER 79
ဧကရာဇ်မင်းမှာ စိတ်အပန်းတောင်မဖြေရသေး သူ၏အနီးကပ်ဝန်ကြီးသည် ထိတ်လန့်တကြားဖြင့် သူ့ကိုရှာဖွေရန် ပြေးလာခဲ့သည်။ ဧကရာဇ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘာဖြစ်တာလဲ"
ဝန်ကြီးက ငိုချတော့မည်ပုံပင်။ သူသည် ဧကရာဇ်မင်းက အစောင့်များအား ရှောင်ရှားခိုင်းသည်ကိုစောင့်ပြီးမှ ထိတ်လန့်တကြားနှင့် ပြောပြလေသည်။ "အရှင်မင်းကြီး၊ ဒီ Star Network ဗိုင်းရပ်စ် အဖြစ်အပျက်က တော်တော်ထူးဆန်းပါတယ်။ ၎င်းက ပြည်သူများတွေရဲ့ အကျိုးစီးပွားကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေခဲ့ပေမယ့်လည်း အချက်အလက်တွေက မကြာမီမှာပဲ ပြန်လည်ရရှိခဲ့ပြီး အမှန်တကယ် အကျိုးသက်ရောက်မှုလုံးဝမရှိခဲ့ပါဘူး။ တကယ်ပျက်စီးသွားတဲ့ အချက်အလက်တွေကတော့ ကျွန်တော်တို့ အစီအစဉ်နဲ့ သက်ဆိုင်တဲ့ဟာတွေပါပဲ။”
ဧကရာဇ်၏ မျက်လုံးများဟာ မဲမှောင်သွားခဲ့သည်။ "ဘာဖြစ်တယ်?"
ဝန်ကြီးက မြည်တမ်းတော့သည်။ " Monman အရင်းအမြစ်ဂြိုဟ်ရဲ့ဘဏ္ဍာရေးအချက်အလက်တွေ ဂြိုဟ်အစွန်အဖျားမှာရှိတဲ့ ကုန်သွယ်ရေးလုပ်ငန်းတစ်ခုလုံး၏ အချက်အလက်တွေ သုတေသီအားလုံးရဲ့ ဆက်သွယ်ရန်အချက်အလက်တွေ ယခင် Oran ထွင်းထုလုပ်ငန်းရဲ့ အချက်အလက်မှတ်တမ်းတွေရော Zerg တွေနဲ့ပူးပေါင်းဆောင်ရွက်ထားတဲ့အချက်အလက်တွေရော ကြေးစားစစ်သားတွေရဲ့ သတင်းအချက်အလက်တွေပါ အကုန်လုံး ဆုံးရှုံးသွားခဲ့တာပါ။ ပြန်ဆယ်ယူဖို့ နည်းပညာဝန်ထမ်းတွေကို လုပ်ခိုင်းခဲ့ပါတယ်။ သူတို့တွေ တစ်ညလုံး ပြန်ဆယ်နေကြပေမယ့် ပြန်ရလာဖို့ အရိပ်အယောင်တောင် မတွေ့ရသေးပါဘူး!”
ဧကရာဇ်မှာ ကြက်သေသေသွားခဲ့ပြီး သူ၏ကွန်ပျူတာကို စစ်ဆေးကြည့်လိုက်သည်။ ယခင်က ဓာတ်ခွဲခန်း၏ အချက်အလက်များကိုသာ အာရုံစိုက်ခဲ့ပြီး အခြားအရာများကို ဂရုမစိုက်ခဲ့ပေ။ ဤစစ်ဆေးမှုလုပ်ရတာဟာ မခက်ခဲပါဘူး။ သူဖျက်လိုက်သော ဖုန်းခေါ်ဆိုမှုမှတ်တမ်းအားလုံးဟာ မပျက်သေးဘဲ အမှိုက်ပုံးထဲတွင် ဗလုံးဗထွေးပုံစံဖြင့် ရှိနေသည်ကို သူတွေ့ရှိခဲ့ရသည်။ ထိတ်လန့်တုန်လှုပ်သွားသော ဧကရာဇ်သည် ၎င်းတို့ကို ပြန်ဖျက်ချင်ခဲ့သော်လည်း သူမတတ်နိုင်တော့ပေ။
