Chapter 88
စနောက်လိုက်ရသဖြင့်ပျော်ရွှင်စွာရယ်နေသော Aojia သည် လူသားအဖြစ်သို့ ပြန်ပြောင်းလိုက်ပြီး အဝတ်အစား၀တ်ဆင်လိုက်သည်။ သူသည် Rong Mingshi ၏လက်ထဲမှ ရေခဲနဂါးငယ်လေးကို ယူကာ ချော့မြူရန်ခေါင်းလေးကို ပုတ်လိုက်သည်။ ထို့နောက် ရေခဲနဂါးလေးကို သူ့ပခုံးပေါ်သို့တင်ပေးလိုက်၏။
ရေခဲနဂါးငယ်လေးသည် အော်ဟစ်ကာ နားရွက်များကို လှေကားအဖြစ်အသုံးပြုပြီး Aojia ၏ ဦးခေါင်းထိပ်သို့ တက်ကာ ဆံပင်များဆွဲကိုင်ထားရင်း ထိုနေရာတွင် လဲလျောင်းနေတော့သည်။ နဂါးလေးအားသယ်ထားရသည့် Aojia သည်ရေကန်ထဲက Rong Mingshi ကိုလှမ်းခေါ်လိုက်သည်။
Rong Mingshi သည် Aojia ၏ဆံပင်ကိုဆွဲကိုင်ထားသော ရေခဲနဂါးလေးကို လှမ်းကြည့်လိုက်သည်။ထိုကောင်လေးပျော်ရွှင်စွာ ဆော့ကစားနေပုံရသဖြင့် Rong Mingshi သည် ရေကူးကန်၏ တစ်ဖက်သို့ ဦးတည်သွားကာ နဂါးနက်ကြီး၏ ခြေရာကြောင့် အံ့အားသင့်နေဆဲဖြစ်သည့် မီးကျားသစ်လေးကို ကောက်ကိုင်လိုက်သည်။
မိသားစု လေးယောက် အိမ်ထဲသို့ ပြန်ဝင်လာခဲ့ကြတယ်။ Rong Mingshi သည် Aojia ၏ကုတ်အင်္ကျီဖြင့်ဝိုင်းရံခံထားရပြီး အဝတ်အစားလဲရန် မီးကျားသစ်ငယ်ကို ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင် Aojia သည် သူ့ဘာသာသူ အခြောက်ခံထားပြီးသောအ၀တ်အစားကို ၀တ်ဆင်ထားပြီး မနက်စာပြင်ဆင်ရန် ရေခဲနဂါးလေးနှင့်အတူ မီးဖိုခန်းထဲသို့သွားခဲ့သည်။
Aojia သည် ရေခဲသေတ္တာကို ဦးစွာဖွင့်လိုက်ပြီး ရေခဲသေတ္တာထဲမှ ရေခဲသေတ္တာအချို့ကို ဆွဲထုတ်ကာ စားပွဲတစ်ခုလုံးပေါ်သို့ လောင်းချလိုက်သည်။ ရေခဲက မကြီးမားပေမယ့် အရေအတွက်က လုံလောက်ပါတယ်။ ရေခဲနဂါးငယ်လေးသည် သူကြိုးကြိုးစားစားလုပ်ထာားခဲ့ရသော ရေခဲများကို ဖျက်ဆီးခဲ့သော သူ၏နဂါးဖခင်ကို ချက်ချင်းခွင့်လွှတ်လိုက်သည်။ သူသည် သူ၏ခြေသည်းဖြင့်ဖမ်းဆုပ်ထားသည့် ဆံပင်များကို လွှတ်လိုက်ကာ ရေခဲပုံပေါ် ဖုတ်ကနဲခုန်ချလိုက်သည်။
Rong Mingshi သည် အဝတ်လဲပြီးသည်နှင့် မီးကျားသစ်လေးကို ခေါ်ဆောင်လာသည့်အခါ နဂါးငယ်လေးသည် ရေခဲတုံးတစ်ခုပေါ် လှမ်းတက်ကာ အတောင်ပံများကို အားတက်သရောခပ်နေရင်း စားပွဲပေါ်တွင် စကိတ်စီးနေသည်ကို သူတွေ့လိုက်ရသည်။ နဂါးကြီးနှင့် နဂါးလေး တို့အဆင်မပြေဖြစ်ကြမည်ကို စိုးရိမ်နေသော Rong Mingshi သည် ရုတ်တရက် စိတ်သက်သာရာရသွားခဲ့သည်။
