Chapter 90
[ဤအပိုင်းတွင်နည်းပညာပိုင်းဆိုင်ရာအသုံးအနှုန်းများပါရှိပါသည်။ ထိုအသုံးအနှုန်းများမှာ ဘာသာပြန်သူ၏ မသိနားမလည်မှုကြောင့် အမှားအယွင်းပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။]
ဗိုင်းရပ်စ်ငယ်လေးသည် အမှိုက်ဒေတာများကို မျိုချပြီး ဒေတာကွင်းဆက်များကို ပစ်ချကာ စူပါကွန်ပျူတာ၏ ဟာ့ဒ်ဝဲကို တူးဖော်ဝင်ရောက်လေသည်။ သူသည် စစ်ဗိုလ်ချုပ်ကြီး၏ ကွမ်တမ်ကွန်ပြူတာမှ ပေးပို့သော အချက်ပြမှုနောက်မှ လိုက်ရင်း လူနှစ်ဦး၏ တည်နေရာနှင့် ခေတ္တတည်းခိုနေသည့် ဗီလာကို တွေ့ရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် စူပါကွန်ပြူတာသည် သူ၏အမှိုက်ဒေတာများကို မျိုချခံခဲ့ရသဖြင့် မြန်ဆန်စွာပင် ကမ္ဘာပေါ်တွင် ပထမတန်းစား စူပါဦးနှောက်ဖြစ်လာခဲ့သည်။ ၎င်းသည် M နိုင်ငံရှိ မရေမတွက်နိုင်သော လမ်းများကို ဖြတ်၍ ရွေ့လျားခဲ့ပြီး တရုတ်နိုင်ငံရှိ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများ အများအပြား၏ လည်ပတ်ချိန်ကို 70 ~ 80% တိုသွားစေခဲ့သည်။
အရေးအကြီးဆုံးကတော့ ဒီစူပါကွန်ပြူတာဟာ အလွန်တည်ငြိမ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိတဲ့ ကိုယ်ထည်ကို ဖန်တီးနိုင်ခဲ့တယ်။ စူပါဉာဏ်ရည်အသစ်လေးသည် ကွန်ပြူတာလုပ်ငန်းစဥ်များကို လုပ်ဆောင်နေရင်း သူ၏ ဟာ့ဒ်ဝဲကို ဖောက်ထွင်းဝင်ရောက်ခဲ့သော ထူးဆန်းသော ဒေတာကိုယ်ထည်အား အင်တာနက်မှတစ်ဆင့် အသည်းအသန်ရှာဖွေနေခဲ့သည်။
ဗိုလ်ချုပ်ကြီးသည် သူ၏သားရဲလေးများနှင့် ဘဝရဲ့အရသာအားပျော်ရွှင်စွာခံစားနေချိန်တွင် သူ၏ ကွမ်တမ်ကွန်ပြူတာမှ နှစ်ကြိမ်မျှ လင်းလက်ခဲ့သည်။ ထို့ကြောင့်သူသည် သူ၏ကွန်ပျူတာအားဖွင့်လိုက်သည်။ ဗိုင်းရပ်စ်ငယ်လေးမှ ပေးပို့ထားသည့် အချက်အလက်ကို မြင်လိုက်သည်နှင့် မျက်ခုံးများပင့်သွားခဲ့ကာ အနည်းငယ် ဆူညံနေသော ကလေးနှစ်ယောက်အား လှမ်းကြည့်လိုက်သည်။
Rong Mingshi သည် ဤအခြေအနေကိုမြင်ပြီး ထထိုင်လိုက်သည်။ "ဘာဖြစ်လို့လဲ?"

BINABASA MO ANG
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.