Chapter - 86 [Uni]

4.5K 653 11
                                        

Chapter 86

ကျားသစ်လေး ပေါက်လာခဲ့တာကြောင့် ရုပ်ရှင်သွားကြည့်မည့် ကိစ္စရပ်မှာသဘာဝကျကျပင် အမေ့ခံလိုက်ရလေသည်။ Rong Mingshi သည် နူးညံ့သည့် မီးကျားသစ်ငယ်လေးကို ကိုင်ထားရင်း ရေခဲသေတ္တာထဲရှိနောက်တစ်လုံးကိုပါ အမြန်ဆုံးပေါက်လာစေရန် မျှော်လင့်ချက်များပြည့်နေခဲ့သည်။

သူ့လက်ဖဝါးထဲက မီးကျားသစ်ငယ်လေးက သိပ်ကိုတက်ကြွလို့နေပါတယ်။ သူက ကွန်ပြူတာအား စူးစမ်းလို့နေပြီး ကြောင်ပေါက်သံလေးဖြင့် မကြာကြာလည်း ထထအော်တယ်။ သူက သူရဲ့လုံးကစ်ကစ် ခြေဖဝါးလေးဖမ်းကိုင်ကာ ခြေဖဝါးတစ်ဝိုက်အား စပ်စုလို့နေပြီး နားရွက်လေးတွေကတော့ လှုပ်ရှားသည့်အသံများအား နားစွင့်လို့နေရင်း အရှေ့အနောက် လှုပ်ရှားလို့နေတယ်။

သူက လက်ချောင်းထိပ်လေးများကို သူ့၏အသစ် ပေါက်လို့နေသော အစွယ်ချွန်ချွန်လေးများဖြင့် တတိတိစမ်းသပ်ကိုက်ကြည့်‌လို့နေသည်။ အချိန်အတော်ကြာ ကစားပြီးတဲ့နောက် သူပင်ပန်းသွားပုံရသည်။ သူလက်ဖဝါးပေါ်၌ စက်ဝိုင်းပုံလေးလှည့်ပတ်ပြီးသမ်းဝေလိုက်သည်။ သူကသူ့အမြီးကို ဖက်ကိုင်ထားရင်း Rong Mingshi အားမှီကာ မျက်လုံးလေးများအားမှိတ်လိုက်သည်။

Rong Mingshi သည်ကျားသစ်လေး၏ နောက်ကျောကို လက်မလေးနှင့် ပွတ်ပေးရင်း သူ့နှလုံးသားလေးပျော့ခွေသွားခဲ့သည်။ ထိုအချိန်တွင် Aojia ၏နွေးထွေးသည့်သြရှရှစကားသံက သူ့နားထဲစီးဝင်လာခဲ့သည်။ " ကလေး ဒုတိယဥကွဲတော့မယ်။"

Rong Mingshi ကသူ့ခန္ဓာကိုယ်တောင့်တင်းနေသဖြင့် အားတင်းကာ ရေခဲသေတ္တာဆီသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။ ယခင် မီးကျားသစ်လေးဥခွံမှ ထွက်လာခဲ့သည့်အခြေအနေကို သူလွဲခဲ့သည်။  အခုဒါကိုတော့ သူ လုံးဝ အလွတ်မခံနိုင်ပါ။

ရေခဲသေတ္တာထဲက ခဲတောင့်နေသည့် အဖြူရောင်ဥလေး လှုပ်ယမ်းနေသည်ကို သူတွေ့လိုက်ရတယ်။  အဖြူဥခွံလေး၏အောက်ခြေထိပ်မှ အက်ကွဲလာပြီး ခွက်ကနဲတိုးညှင်းသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုအသံလေးထွက်ထွက်လာခြင်း ဥအခွံထိပ်သည်ကွဲထွက်သွားခဲ့ပြီး အနက်ရောင်နဂါးခေါင်းလေး ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်ဒေါင်လိုက်မျက်စံလေးများက အပြင်ကိုကြည့်လှမ်းကြည့်လို့နေပြီး သူ့ခေါင်းလေးပေါ်တွင်တော့ ဥခွံလေးတစ်ဝက်က တင်လို့နေပါတယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး Complete ✅Where stories live. Discover now