Aojia က Abel အား "ကျားသစ်လေးက သံတမန်လုပ်မယ့်အကြောင်းကို အွန်လိုင်းစတိုးမှာ ကြေညာလိမ့်မယ်။ နောက်ဆက်တွဲ ကိစ္စအားလုံးကို မင်းက ဆောင်ရွက်ပေးရမယ်။ ကျားသစ်လေးကိုတော့ ထုတ်ဖော်ပြမှာ မဟုတ်ဘူး။”
Abel “…”
သတင်းအချက်အလက် ကြီးမားလွန်းသဖြင့် သူခေါင်းပင်ပြန်မမတ်နိုင်တော့ပေ။ Abel သူသတိပြန်ကပ်လာတော့ သူ၏သူဌေး ရင်ဝယ်ပိုက်ထားသော ကျားသစ်လေးကို စိုက်ကြည့်ရင်း မယုံနိုင်စွာပင် ပြောလိုက်မိတယ်။ “မင်းက ဆရာသခင် Shi လား ”
Rong Mingshi ကသူ့ရဲ့လုံးကစ်ကစ် လက်လေးတွေနဲ့ အွန်လိုင်းစတိုးထဲဝင်နေတာပါ။ သူထိုနာမည်ကိုကြားတော့ ခဏတာလောက်တုန်ရီသွားခဲ့သည်။ ဒီနာမည်က ဘာလို့အရမ်းကို......တောင်ကြီးမောက်မယ်(ဟိတ်ကြီးဟန်ကြီး) ဖြစ်နေရတာတုန်း?
Abel ကကျားသစ်လေးကထပြီး ကန့်လည်းမကန့်ကွက်သလို့ အဆင်မပြေပုံစံလည်းမပြသည်ကို တွေ့လိုက်ရသည်။ ထိပ်တန်းအဆင့် အကြည် စွမ်းအင်ကျောက်တုံးနှင့် လိုက်ဖက်တဲ့ ကျားသစ်ငယ်လေးက သာမာန်မဟုတ်ကြောင်း အစကတည်းက သူပြောနေခဲ့တာပါ။ သူဒါကို စဉ်းစားမိသင့်တယ်!
ကျားသစ်ငယ်လေးက အွန်လိုင်းစတိုးကိုကြည့်ရန် ခေါင်းငုံ့ထားစဉ်၊ Abel ကသူ့သူဌေးအား တစ်ချက်ကြည့်လိုက်ပြီး သူ့ခေါင်းထဲက စိတ်လှုပ်ရှားမှုများကို ထိန်းမထားနိုင်တော့ပေ။ "ဆရာ၊ ကျွန်တော်တို့ရဲ့ အရင်းအမြစ်ဂြိုဟ်ကနေ မှာယူထားတဲ့ ဧရာမစွမ်းအင်ကျောက်တုံးကြီးရဲ့ ပြီးမြောက်သွားတဲ့လက်ရာကို ကျွန်တော်ကြည့်လို့ရမလား"
စတိုးဆိုင်မှာပြသထားပြီးသားဖြစ်တဲ့ လက်ရာများမှအပ စတိုးဆိုင်ပိုင်ရှင်ရဲ့ လက်ရာများစွာကို သူ မတွေ့ခဲ့ရသေးပါဘူး။ ဒီလို တစ်ဖက်ကမ်းခပ် အတတ်ပညာနဲ့ ထွင်းထုဖန်တီးထားတဲ့လိုက်ရင် ဧရာမစွမ်းအင်ကျောက်တုံးကြီးဟာ ဘယ်လောက် အံ့မခန်းဖြစ်လိုက်မလဲ။ သူတကယ်တွေ့ချင်ပါသည်။
ကျားသစ်လေးက သူ့သူဌေးအတွက် ကိုယ်ရေးကိုယ်တာဆန်စွာ ထွင်းပေးထားတာကြောင့် သာမန်သားရဲတွေရဲ့ဟာထက် ပို၍ပင်အံ့ဩစရာကောင်းမှာပင်!
