သူတို့အကြည့်တွေကို ထိုအကောင်လေးမြင်တွေ့သွားတဲ့အခိုက် မီးဖိုထဲကအကောင်ပေါက်လေးက သူ့ပါးစပ်လေးကိုဖွင့်ဟပြီး သားပေါက်သံလေးဖြင့် အော်မြည်လိုက်သည်။ "Jiao, Jiao..."
Rong Mingshi ၏တူဖြင့်ညှပ်ကိုင်ထားသည့် နံရိုးတစ်ပိုင်းသည် ပန်းကန်ပြားပေါ်သို့ရုတ်ချည်း ပြုတ်ကျသွားခဲ့သည်။ ဒီအသံ သူသိပ်ကိုရင်းနှီးပြီးသား! ဟမ် မဟုတ်ပါဘူး… ဒါက ဒိုင်နိုဆောဥ မဟုတ်ဘူးလား? ဥထဲက ဘယ်လိုလုပ် ကြောင်တစ်ကောင်ထွက်လာရတာလဲ?
ထိုအချိန်တွင် Aojia မတ်တပ်ထရပ်လိုက်ပြီး မီးဖိုတံခါးကိုဆွဲဖွင့်လိုက်သည်။ 200 ဒီဂရီအပူချိန်ရှိမီးဖိုအတွင်းရှိ လက်သီးစုပ်အရွယ် ကျားသစ်ငယ်လေးသည် တစ်ခဏမျှရပ်တန့်ကာကြည့်နေခဲ့ပြီးမှ Aojia ၏ လက်ဖဝါးပေါ်သို့ ဟိုယိမ်းသည်ယိမ်းလေးဖြင့် တက်လာခဲ့သည်။ Aojia သည် သူ၏ကွန်ပြူတာကိုဖွင့်ကာ ဦးစွာပေါက်လာခဲ့သော ကျားသစ်ငယ်လေးကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းသည် အနည်းငယ်သေးငယ်သော်လည်း ကျန်းမာသည့်ကျားသစ်တစ်ကောင်ဖြစ်သည်မှာ သေချာပါသည်။
Aojia သည် သူ့သားရဲရှေ့တွင် သေးငယ်သည့်ထိုအရာလေးကို ချပြပြီးပြောလိုက်သည်။ "သူ့ခန္ဓာကိုယ်က အရမ်းကျန်းမာတယ်။ မင်းသူ့ကိုလာပြီးချီကြည့်လို့ရတယ်။"
Rong Mingshi သည် လေးနက်သော အမူအရာဖြင့် Aojia ကိုကြည့်လိုက် ကျားသစ်ငယ်လေးကို ငုံ့ကြည့်လိုက်လုပ်နေမိသည်။
...ချီရမယ်? Aojia တကယ်ကြီးပြောနေတာလား? Aojia ရဲ့လက်ဖဝါးထဲက ကျားသစ်ငယ်လေးက အရမ်းလိမ္မာပြီး နာခံမှုလည်းရှိပေသည်။ သူသည် ရေပြာရောင်မျက်လုံးများကိုဖွင့်ကာ Rong Mingshi အားပါးစပ်ကလေးဟရင်း နူးညံ့စွာအော်ဟစ်ပြပြီး သူ့လက်ဖဝါးလေးများပါ လှမ်းပေးသည်။
အချိန်တစ်ခုကြာသွားပြီးနောက် Rong Mingshi သည် သူ့နှလုံးသားကြီး ပြောင်းပြန်လန်သွားသလို ခံစားလိုက်ရသည်။ သူသည် သူ့လက်ထဲမှတူချောင်းများကို အမြန်စွန့်ပစ်လိုက်ပြီး Aojia ၏ လက်ဖဝါးဘေးတွင် သူ့လက်ဖဝါးလေးကို ဖြန့်ပေးလိုက်သည်။ ကျားသစ်ငယ်လေးသည် Aojia ၏ လက်ဖဝါးပေါ်မှ သူ၏လက်ဖဝါးဆီသို့ ရွေ့လာခဲ့သည်။ သူက 200 ဒီဂရီ အပူချိန်ရှိမီးဖိုထဲက ထွက်လာခဲ့ပေမယ့် ကျားသစ်ငယ်လေးမှာ ပူမနေပါဘူး။ မီးဖိုထဲကထွက်လာတကြောင့် သူကနွေးထွေးလို့နေပြီး သူ၏ကျားသစ်အမွှေးလေးများကလည်း ပွအိအိလေးဖြင့် အလွန်ကိုနူးညံ့ပါတယ်။
