Chapter - 35 [Uni]

8.3K 1.3K 9
                                        

- အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာဘဲ!

Rong Mingshi ကထုထွင်းခြင်းကိုအချောသတ်လိုက်ပြီးကျားသစ်ငယ်လေးကိုအရင်သိမ်းလိုက်ကာသူအိမ်ပြန်တော့မှ Aojia ကိုပြဖို့အစီအစဉ်ချလိုက်တယ်။

ထို့နောက်သူကသူ့လက်လေးတွေကိုဆန့်ထုတ်လိုက်ပြီးဥခွံမှဖောက်ထွက်နေသည့်အနက်ရောင်နဂါးငယ်လေးအားကောက်ကိုင်လိုက်တယ်။ သူကနဂါးငယ်လေးကိုကိုင်ထားရင်းအခြားကျောင်းသားများထွင်းထုပုံကိုကြည့်ရန်ခေါင်းလေးမော့ကာကြည့်လိုက်တယ်။ ယခုအချိန်ထိသူကအခြားသားရဲများရဲ့ထွင်းထုခြင်းပုံကိုမမြင်ခဲ့ဖူးတာကြောင့်သူ့ရဲ့အမူအရာမှာအလွန်လေးနက်ခဲ့တယ်။

အတန်းဖော် Rong ကချစ်စရာကောင်းတယ်ဆိုပြီးအတန်းဖော် Rong ကိုငေးကြည့်နေကြတဲ့ကျောင်းသားတွေကချက်ချင်းထိတ်ထိတ်ပျာပျာတွေဖြစ်သွားကြကာခေါင်းငုံ့သွားကြပြီးထွင်းထုဖို့ပြင်ကြတော့တယ်။ ဒါပေမယ့်သူတို့အတန်းဖော် Rong ကသူတို့ကိုကြည့်နေတယ်ဆိုတာကိုတွေးမိကြတဲ့အချိန်မှာသူတို့ပိုပြီးတော့တောင်ထိတ်လန့်လာကြတယ်။

မပြင်နိုင်တဲ့စွမ်းအင်ကျောက်တုံးအချို့လည်းရှိခဲ့တယ်။ သူတို့အကြိမ်အနည်းငယ်ထုထွင်းပြီးမှကျောက်တုံးများကလှိမ့်ဆင်းကာအောက်သာပြုတ်ပြုတ်ကျနေတော့တယ်။ ဒါ့အပြင်သူတို့ရဲ့ဓားတွေရဲ့လှုပ်ရှားမှုတွေကအရမ်းများလွန်းပြီးသူတို့ရဲ့လက်ချောင်းတွေကိုမတော်တဆတောင်ခြစ်မိကုန်တယ်...

ကျောင်းသားအများစုကလက်တွေလှုပ်ရှားနေကြပြီးသူတို့ဓားများကသတိအနေအထားနဲ့စွမ်းအင်ကျောက်တုံးကိုလည်းမထိပေ...

“…”

ကျားသစ်ငယ်လေးကအတန်းရှေ့ရှိမျက်နှာစာတွင်အခြေအနေအမျိုးမျိုးဖြစ်နေကြတဲ့ကျောင်းသားများကိုကြည့်ပြီးခေါင်းပြန်ငုံ့လိုက်တယ်။ တစ်ခုခုများဖြစ်သွားခဲ့တာလား?

ပါမောက္ခ Phillier ကချောင်းတစ်ချက်ဟမ့်ကာပြောလိုက်တယ်။ “ အာရုံစိုက်ကြ! ”

ထိုလေသံတစ်တန်းလုံးကိုသက်ရောက်မှုရှိသွားပြီးသူတို့ကသူတို့အတွေးတွေကိုဖြည်းဖြည်းချင်းလွှတ်ချလိုက်ကြတယ်။ သူတို့လက်ထဲရှိစွမ်းအင်ကျောက်တုံးကိုပဲလေးလေးနက်နက်ကိုင်တွယ်လာကြတယ်။ အတန်းဖော် Rong ရဲ့ထွင်းထုတဲ့လုပ်ငန်းစဉ်ကနေသူတို့တစ်ခုခုခံစားခဲ့ရတယ်။ သူတို့ကအတန်းဖော် Rong ရဲ့ထွင်းထုတဲ့ကျွမ်းကျင်မှုတွေကိုမသင်ယူနိုင်ခဲ့ပေမယ့်သူ့ရဲ့ထွင်းထုစဉ်အတွင်း သူတို့ကသားရဲသဏ္ဍာန်နဲ့အရှိန်အဝါကိုအာရုံစိုက်ခဲ့ပြီးတစ်စုံတစ်ရာထိတွေ့မှုဖြစ်သွားခဲ့တယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး Complete ✅Where stories live. Discover now