Chapter - 83 [Uni]

4.5K 614 6
                                        

.Ch83 – Extra 1 – ကမ္ဘာမြေပေါ်တွင် ကလေးများအား နေ့စဉ်ပြုစုပျိုးထောင်ခြင်း

Rong Mingshi ၏ခေါင်းသည် မူးဝေသွားခဲ့သည်။  သူကထထိုင်လိုက်ပြီး ကြိမ်ဖန်များစွာ မျက်တောင်ခတ်လိုက်ပြီးကာမှ ပတ်ဝန်းကျင်ကို မြင်နိုင်သွားခဲ့သည်။ သူခွဲစိတ်ခုံပေါ် သတိလစ်မသွားမီကမြင်ခဲ့သည့် ခွဲစိတ်ခန်းထဲမှမီးလုံးကြီးနှင့် အဖြူရောင် မျက်နှာကျက်ကြီး မဟုတ်တော့ပေ။ မနီးမဝေးတွင် စိမ်းလန်းစိုပြေသော သစ်ပင်များနှင့် ကျောက်တုံးအချို့ရှိလို့နေသည်။

Rong Mingshi က လက်မြှောက်ကာ သူ့ခေါင်းကိုပွတ်လိုက်ပြီးမှ သူ့ခန္ဓာကိုယ်ပေါ်၌ ဖုံးကာလွှမ်းခြုံပေးထားသည့် အဝတ်အထည်ကို ငုံ့ကြည့်လိုက်သည်။ ကုတ်အင်္ကျီက အတော်ကြီးလွန်းသည်။ ဘာပစ္စည်းများဖြင့် ပြုလုပ်ထားသည်ကို မသိသော်လည်း အသားကတော့ကောင်းသည်။ အဝတ်အစားများတွင် တံဆိပ်တစ်ခုပါသော်လည်း သူမမြင်ဖူးသောပုံစံဖြစ်သည်။ ဒီဝတ်စုံဟာ စစ်တပ်ဒီဇိုင်းနှင့်တူတာ ဖြစ်နိုင်တယ်လို့ သူတွေးလိုက်သည်။

၎င်းအဝတ်အစားက သူ့ဟာမဟုတ်သည့်အတွက် သူ့အနားတွင် တခြားလူတွေလည်း ရှိရမည်။ ထို့ကြောင့် Rong Mingshi သည် သူ့အဝတ်အစားများကို ဆုပ်ကိုင်လိုက်ပြီး မတ်တပ်ရပ်ရန် သူ့ဘေးရှိ သစ်ပင်ကို အားပြုလိုက်သည်။ သူလှုပ်လိုက်ရုံရှိသေး သူ့ခြေထောက်တွေက လုံးဝိုင်းသည့် အရာတစ်ခုကို ထိသွားမိခဲ့လို့ အံ့သြသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် အင်္ကျီကို ဖယ်ကြည့်လိုက်သည့် အခါမှာ မြင်လိုက်ရတာကတော့ တစ်လုံးကအဖြူ တစ်လုံးအနက်ဖြင့် လှပတဲ့ ဥနှစ်လုံး...

ဒီဥတွေက ဘာလဲ? သူတို့ကဘာကြောင့် ဒီလောက်ကြီးနေရတာလဲ? ငှက်ကုလားအုတ်ဥလား?  ဒိုင်နိုဆောဥလား? နေပါဦး နေပါဦး ဒီဥတွေက အစစ်လား အတုလား?

Rong Mingshi တစ်ခဏလောက်ရပ်တန့်သွားခဲ့ပြီးမှ ၎င်းတို့အားထိရန် လက်လှမ်းလိုက်သည်။ ဥလေးတွေကိုင်ကြည့်မိတဲ့အခါ သူ့စိတ်ထဲနေလို့ကောင်းသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ သူဥလေးနှစ်လုံးကို ကောက်ယူလိုက်သည်။ အဖြူရောင်ဥလေး အေးနေတဲ့အချိန်မှာ အနက်ရောင်ဥလေး‌ကတော့ ပူလို့နေပါတယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး Complete ✅Where stories live. Discover now