Chapter - 85 [Uni]

4.2K 687 15
                                        

Chapter 85

ဥလေးနှစ်လုံးကို စနစ်တကျစီစဉ်ပေးပြီးတဲ့နောက် Aojia သည် ရေခဲသေတ္တာနှင့် Oven နားတွင် ဟိုလျှောက်သည်လျောက်က်လုပ်နေသောလူကို ကြည့်ပြီး ဧည့်ခန်းဘက်သို့ ထွက်သွားခဲ့သည်။ ဆိုဖာခုံတစ်လုံးကို ကောက်မလိုက်ပြီး မီးဖိုချောင်ကျယ်ကြီးထဲမှာ ချထားလိုက်တယ်။ အဲ့နောက်မှာတော့ သူက စိတ်လှုပ်ရှားစွာဖြင့် ဟိုလျောက်သည်လျောက်လုပ်နေသော နှင်းကျားသစ်လေးကိုဆွဲကာ ဆိုဖာပေါ်သို့တင်ပေးလိုက်သည်။

Rong Mingshi သည် ပျော့ပျောင်းသော ဆိုဖာပေါ်၌ မှီထိုင်နေသော်လည်း လုံးဝသက်တောင့်သက်သာရှိမနေပေ။ သူက ဥလေးနှစ်လုံးကိုသာ ဆက်၍ကြည့်နေခဲ့သည်။ စိတ်ရှည်သည်းခံကာစောင့်ဆိုင်းရင်းနဲ့ စိတ်ပူပန်နေရတာက သူ့အားတကယ့်ကို ပင်ပန်းစေပါတယ်။ ငါးမိနစ်လောက်ကြာပြီးတဲ့နောက် Rong Mingshi နောက်ဆုံးတွင် ဆက်၍မထိုင်နိုင်တော့ပေ...

ရေခဲသေတ္တာအတွင်းရှိ မျက်နှာပြင်က အေးခဲနေပြီ! Oven ရဲ့မျက်နှာပြင်မှာလည်း အနက်ရောင်နှင့် အနီရောင်ဖြစ်နေပြီ! သူက ကွမ်တမ်ကွန်ပြူတာအသုံးပြုနေတဲ့ နဂါးနက်ကြီးရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး အလွန်တရာလေးနက်စွာ မေးလိုက်သည်။ "Aojia ဥတွေပေါက်လာဖို့အတွက် ဒီလိုလုပ်ရတယ်ဆိုပြီး သိပ္ပံနည်းကျအခြေခံတွေကို လေ့လာခဲ့ထားတာလား"

Aojia သည် ဂြိုလ်၏ virtual network မှ အချက်အလက်များကို လျင်မြန်စွာ ရယူနေပြီး အကြံတစ်ခုရရှိသွားခဲ့သည်။

အရင် သားရဲကမ္ဘာမှာကတည်းက သူက ကျားသစ်ငယ်လေးရဲ့ အံ့သြဖွယ်ရာ ထွင်းထုကျွမ်းကျင်မှုနှင့်ပတ်သက်၍ သံသယအချို့ရှိခဲ့သည်။ အိမ်ထိန်း သိမ်းဆည်းထားတဲ့ ကျားသစ်ငယ်ရဲ့ ဘဝမှတ်တမ်းအားလုံးခြုံကြည့်ရင် သူဘာထွင်းထုမှုကိုမှ မလေ့ကျင့်မသင်ယူခဲ့ဘူးဆိုတာ ပြသနေတယ်။ ဂြိုလ်သားဆိုတဲ့ ကျားသစ်လေးရဲ့စကားလည်းရှိသေးသည်။ သူကသူ့ကိုယ်သူ ဒီဂြိုလ်ရဲ့လူတစ်ယောက်အဖြစ်လည်း ကြွေးကြော်ခဲ့သေးတယ်။

Aojia ၏ခေါင်းထဲသို့ အတွေးတစ်ခုဝင်လာသည်။  သူ့နှင်းကျားသစ်လေးက တကယ်ပဲ အိမ်ပြန်လာခဲ့တာ ဖြစ်နိုင်တယ်...

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး Complete ✅Where stories live. Discover now