Chapter 89
Aojia သိသည့်သားရဲပေါက်လေးများအား ပျိုးထောင်နည်းနှင့် Rong Mingshi သိသည့် ရိုးရှင်းသောကလေးထိန်းခြင်းဆိုင်ရာ အသိတို့အရ သူတို့နှစ်ဦးသည် ပစ္စည်းအများအပြားကို ဝယ်ယူခဲ့ပြီး စတိုးဆိုင်မှ စာရေးမလေးအားပြောကာ အမြွှာများအတွက် သီးသန့်တွန်းလှည်းတစ်စီး ဝယ်ယူခဲ့သည်။
အရောင်းစာရေးမလေးသည် ကောင်ချောလေးနှစ်ယောက်အား service ပေးရသဖြင့်သိပ်ကိုပျော်ရွှင်နေခဲ့သည်။ သူမသည် ကလေးများကို ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အသိဗဟုသုတများစွာကို စိတ်အားထက်သန်စွာ ပြောပြခဲ့သည်။ ကောင်ချောလေးနှစ်ယောက်က သူမ၏စကားကို လေးလေးနက်နက် နားထောင်နေတာကို တွေ့လိုက်ရတော့ အရောင်းစာရေးမလေးလည်း သိပ်ကိုပျော်သွားခဲ့တယ်။ ချောမောသည့် အမျိုးသားများက သူတို့သားသမီးတွေအပေါ် အလွန်ဂရုတစိုက်ရှိသည်က ရှားသည်လေ။
ဇနီး ဒါမှမဟုတ် သားသမီးတွေနဲ့အတူ လာတဲ့ယောကျာ်းတွေပဲသူမမြင်ဖူးခဲ့တာ သူတို့ဘာသာသူတို့ လာဝယ်တာက တွေ့ရခဲပါတယ်။ အထူးသဖြင့် အရပ်မြင့်မြင့်နှင့် အားကောင်းမောင်းသန် စစ်တပ်အမာခံ အမျိုးသားက စစ်ကျောပိုးအိတ်တစ်လုံးထဲ အရုပ်နှစ်ရုပ်ထည့်လွယ်ထားသည်က သိပ်ကိုရှားသည်လေ။ တွဲစပ်မှာက ဆန့်ကျင်ဘက်ပေမယ့် အကန့်အသတ်မရှိကို ချစ်စရာကောင်းနေသည်။ အရုပ်နှစ်ရုပ်က အဆင့်မြင့် စိတ်ကြိုက်မှာယူကာ ဝယ်ထားရသည့်ဟာဖြစ်လောက်သည်။ သူတို့ကအသက်ဝင်လှပြီး သူတို့၏မျက်လုံးများ လှုပ်ရှားနေသည်က လူတစ်ဦးအား သူတို့မှာအသိရှိကြောင်း ပြသနေသလိုပင်။ ဤလူ၏အရှိန်အကြောင့်မဟုတ်ပါက၊ အရောင်းစာရေးမလေးက အမှန်တကယ်ပင် အနီးကပ်ကြည့်ရှုချင်နေသည်။
ထိုအချိန်တွင် ကျောပိုးအိတ်အစွန်းကို ကိုင်ထားသော ကလေးနှစ်ယောက်သည် ကောင်းစွာပြုမူလို့နေသည်။ မျက်လုံးလေးများကိုသာ ရွေ့လျားရင်း ၎င်းတို့ပတ်ဝန်းကျင်ရှိအရာအားလုံးကို စောင့်ကြည့်လို့နေပြီး ကျောပိုးအိတ်ကို ကိုင်ထားသော ခြေသည်းသေးသေးလေးများသည် လုံးဝမလှုပ်ရှားဘဲ အလွန်တည်ငြိမ်လို့နေသည်။
