- ကောင်းသောညပါ၊ Aojia
စက်ရုပ်အိမ်ထိန်းကပိုမိုကောင်းမွန်တဲ့အာဟာရဓာတ်စာတွေကိုယူလာခဲ့တယ်။ အဲ့ဒါတွေက Rong Mingshi နောက်ဆုံးစားခဲ့တဲ့ငှက်ဥကြော်အရသာအာဟာရဓာတ်စာပါဘဲ။ ဒါကဘာ့ကြောင့်လဲဆိုတော့စက်ရုပ်အိမ်ထိန်းက နဂါးနက်ဗိုလ်ချုပ်ကြီးရဲ့ယာဉ်ပျံပေါ်ကစမက်ထ် စက်ရုပ်ရဲ့ကျားသစ်လေးပေါ်ကမှတ်ဉာဏ်တွေကိုအမြန်လှန်လှောရှာဖွေပြီးကူးပြောင်းလိုက်တာကြောင့်ပါ။
အဲ့ဒီနောက်မှာတော့ Rong Mingshi ကအဆင်ပြေပြေဘဲစားခဲ့တယ်။ Aojia ကအကောင်ပေါက်လေးခေါင်းကိုချစ်စနိုးနဲ့အသာလေးပုတ်လိုက်တယ် ပြီးနောက်သူကသူ့ရဲ့ကိုယ်ပိုင်ကွမ်တမ်ကွန်ပျူတာကိုဖွင့်ကာအိမ်တော်ကအိမ်ထိန်းစက်ရုပ်စီသတင်းအချက်အလက်တွေကူးပြောင်းပေးလိုက်တယ်။ အနက်ရောင်နဂါးဗိုလ်ချုပ်ကြီးကဒီကျားသစ်လေးဟာအနီရောင်ခေါင်းနဲ့ငှက်ဥကိုအလွန်စွဲလမ်းခဲ့တာကိုနက်နက်ရှိုင်းရှိုင်းသတိရနေခဲ့တာဖြစ်တယ်။ စက်ရုပ်အိမ်ထိန်းရဲ့မျက်နှာကခဏမျှအေးခဲသွားပြီးနောက်သူ့ရဲ့စက်ပိုင်းဆိုင်ရာမျက်လုံးများကဝင်းလက်သွားပြီးသူကဒီကျားသစ်လေးအတွက်မီးနူးကိုပြောင်းကာအလေးအနက်မှတ်ထားလိုက်တယ်။
တစ်ချိန်တည်းမှာပင်စက်ရုပ်အိမ်ထိန်းရဲ့နက်ရှိုင်းတဲ့သံသယတွေကအလင်းရသွားတယ်။ ဖြစ်ချင်တော့ဒီကလေးကအနီရောင်ဗိုက်နဲ့အတောင်လေးချောင်းပါတဲ့ငှက်ဥကိုစားရတာကြိုက်တယ်။
ညနေစာစားပြီးတဲ့အခါ Aojia ကကျားသစ်ကလေးကိုလှေခါးထစ်သို့ပွေ့ချီလာခဲ့တယ်။ အပြင်ဘက်ကောင်းကင်ကမည်းမှောင်နေပြီးကောင်းကင်၌ငွေရောင်လနှစ်စင်းကအလင်းရောင်များဖြာကျနေလေတယ်။ Rong Mingshi ကအောက်သို့ခုန်ဆင်းလိုက်ပြီးလှေကားထစ်ပတ်လည်ကတောင်ခြေအောက်ရှိရှုခင်းများကိုကြည့်ရန် သူ့ခေါင်းလေးကိုဆန့်ကာစပ်စုလိုက်တယ်။
Aojia ကမျက်လုံးထဲတွင်ကြယ်လေးတွေပြည့်နေသလိုအကြည့်များနဲ့တက်တက်ကြွကြွဖြစ်နေတဲ့ကျားသစ်လေးကိုရပ်ပြီးကြည့်နေခဲ့တယ်။ ကျားသစ်လေးကသူဝအောင်စပ်စုပြီးတဲ့နောက်ပြန်ပြေးလာခဲ့တယ်။ Aojia ကကျားသစ်လေးကိုငုံ့ပြီးပြောလိုက်တယ်။ " လာ၊ ကိုယ်တို့မင်းအခန်းကိုသွားကြည့်ကြရအောင်။ "
