Chapter - 19 [Uni]

10.2K 1.6K 55
                                        

- စက်ရုပ်အိမ်ထိန်းရဲ့ဒေါသ

"Aoji..." Aojia...

Aojia ရဲ့ပေါင်ပေါ်ထိုင်နေတဲ့ကျားသစ်လေးက Aojia ကိုမော့ကြည့်လိုက်ကာအကြည့်တွေထဲစိတ်ရှုပ်ထွေးမှုတွေပေါ်ပေါက်လို့နေတယ်။ Aojia ကမျက်ခုံးပင့်ကာကျားသစ်လေးခေါင်းကိုလက်တစ်ဖက်ဖြင့်ပွတ်လိုက်ကာခေါင်းကနေနားလုံးလုံးလေးစီပင်ရောက်သွညးလေတယ်။ ကျားသစ်လေးရဲ့ပါးကိုထူးဆန်းတဲ့ရယ်စရာပုံလေးဖြစ်သွားအောင်ဆွဲလိုက်ပြီးညင်ညင်သာသာ လေးလှုပ်လိုက်ကာအသံနိမ့်နိမ့်နဲ့အသံထွက်အမှန်ကိုပြောလိုက်တယ်။ "Aojia"

"...Aoji."

Rong Mingshi ကသူ့စိတ်ခံစားချက်ကိုထိန်းချုပ်လိုက်ပြီး Aojia ရဲ့လက်ကိုသူ့လက်များနှင့်တို့ထိကာ Aojia ရဲ့မျက်လုံးများကိုစိုက်ကြည့်ကာသူ့နောက်မှအလေးအနက်ထပ်ခါတလဲလဲလိုက်ပြောခဲ့သော်လည်းအကျိုးသက်ရောက်မှုကတော့အကောင်းဆုံမဟုတ်ခဲ့‌ဘူး ...

Aojia ကရယ်မောလိုက်ပြီးနူးညံ့တဲ့ကျားသစ်နားရွက်များနဲ့ကစားလိုက်ပြီးကျားသစ်လေးအားတိကျတဲ့အသံထွက်ကိုပြောဖို့ဖိအားမပေးတော့ချေ။ သူကသူ့အကြည့်ကိုပြောင်းလိုက်ပြီးမှန်ကန်တဲ့နဂါးအကြေးခွံတွေကိုဆက်ကောက်တော့တယ်။

Rong Mingshi ကဒီလူကြီးရဲ့ပေါင်ပေါ်ကထလိုက်ပြီးမတ်တပ်ရပ်ကာသူ့ခြေသည်းတွေကိုဆန့်ထုတ်လိုက်ပြီးအ‌ကြေးခွံတွေနဲ့ကစားတော့တယ်။ အချို့နဂါးအကြေးခွံများကနဂါးခြေသည်းများနဲ့နက်ရှိုင်းစွာအဖြတ်ခံလိုက်ရပြီးသံလိမ်အပိုင်းအစများနှင့်ပင်တူလေတယ်။ အချို့က‌ဖြောင့်ဖြောင့်တန်းတန်းဘဲဆွဲထုတ်ခံရပြီးလှပသောမီးတောင်ချော်ရည်ကျောက်များကဲ့သို့ပင်ဖြစ်တယ်။

Rong Mingshi ကနဂါးအကြေးခွံကိုထပ်မံဖိကြည့်လိုက်တယ်ထောင့်အစွန်တွေကချွန်မြကာမာကျောလို့နေတယ်။ လူသူကင်းမဲ့တဲ့ဂြိုဟ်ပေါ်မှာဓားအဖြစ်တိုက်ရိုက်သုံးနိုင်တယ်ဆိုတာသူသိခဲ့ပါတယ်။ သို့သော်လည်းသူကအနက်ရောင်နဂါးကြီး Aojia ပေါ်ကနေခုံပေါ်ကိုကျော်တက်လိုက်ပြီးနေရာအများစုကနဂါးအကြေးခွံများကိုဂရုတစိုက်လိုက်ထိကြည့်လိုက်တယ်။ Aojia ကိုယ်ပေါ်ကြီးပြင်းလာတဲ့ထိုအကြေးများကအလွန်ခံနိုင်ရည်ရှိကြတယ်။ နဂါးအကြေးခွံများက Aojia ထံမှသွေးထောက်ပံ့မှုဆုံးရှုံးသွားတာကြောင့်ဒီလိုမာကျောသွားတာဖြစ်နိုင်တယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး Complete ✅Where stories live. Discover now