- အိမ်ထိန်း Baba
အစောင့်တပ်ခေါင်းဆောင် Calant ကကျားသစ်ငယ်လေးနှင့်အနည်းငယ်ဝေးတဲ့ဂိုဒေါင်တံခါးနားမှာရပ်နေခဲ့တယ်။ သူကထိုအခြေအနေကိုမြင်ပြီးမိုးကြိုးပစ်ခံရသကဲ့သို့ချက်ချင်းထိတ်လန့်သွားခဲ့တယ်။
Calant ကလွန်ခဲ့တဲ့နှစ်ရက်ခန့်ကိုတွေးလိုက်တယ်။ သူတို့ရဲ့ကွပ်ကဲရေးအရာရှိက Star Network ပေါ်တွင်တရားဝင်ကြေငြာပြီးနောက်မရေမတွက်နိုင်တဲ့အင်ပါယာသားရဲများကရူးသွပ်သွားကြပြီးအင်ပါယာဗိုလ်ချုပ်ကြီးရဲ့ချစ်သူကိုသိချင်ခဲ့ကြတယ်။ ဘုရင်မင်းမြတ်သည်လည်းလက်ကြယ်သီးများပေးတဲ့သားရဲကိုသိချင်နေခဲ့ကာစစ်ဌာနတွင်သာတစ်နေကုန်နေခဲ့တယ်။ Duke Oran ထံသူ့သဘောထားကိုလည်းရုတ်တရက်ပြောင်းလဲလိုက်တယ်...
အိုး ပေါက်ကြားသွားပြီ! သူအခု Boss ရဲ့လျှို့ဝှက်ချက်ကိုရှာဖွေတွေ့ရှိသွားခဲ့ပြီ! ကျားသစ်ကလေးကဘာကိုဆွဲထုတ်လိုက်တာလဲ? သူတို့ Boss မှာကလေးဘယ်တုန်းကရှိသွားတာလဲ? ပြီးတော့လည်းနှစ်ယောက်တောင်! Calant ကဒီနှစ်ခုဘယ်လိုထွက်လာတယ်ဆိုတာကိုလုံးဝကိုမသိတော့ပေ။
စိတ်လှုပ်ရှားနေတဲ့ Calant ကအခွံမှကွဲထွက်လာနေတဲ့သေးငယ်သည့်နှစ်ကောင်ကိုငေးကြည့်နေခဲ့သည်။ ခဏအကြာတွင်သူနောက်ဆုံးတုံ့ပြန်ခဲ့သည်။ ဒါကမှန်မနေဘူးနော်။ ကျားသစ်လေးကသားရဲအထီးလေးမဟုတ်လား။ အမသားရဲတွေဘဲမွေးဖွားပေးနိုင်တာလေ။ အကယ်၍လက်ထပ်ပြီးသား သားရဲအထီးနှစ်ကောင်ကသားပေါက်လေးတွေလိုချင်ရင်ကလေးကသားဖောက်တဲ့အနွေးသေတ္တာလေးထဲမှာကြီးထွားဖို့လိုသည်လေ။ ကြက်ဥခွံထဲမှာကလေးနှစ်ယောက်ဘယ်လိုလုပ်ပြီးထွက်လာနိုင်ရတာလဲ?
ဒါ့အပြင်လက်သီးဆုပ်အရွယ်ကြက်ဥသေးသေးလေးကကလေးကိုဘယ်လိုမွေးဖွားနိုင်မှာလဲ....
အခွံမှတိုးထွက်နေတဲ့သားပေါက်နှစ်ကောင်ကကျားသစ်လေးထွင်းထုထားတဲ့လက်ရာဆိုတာ Calant သဘောပေါက်သွားခဲ့ပြီးနောက်သူနောင်တရသွားခဲ့တယ်။ Boss မှာလည်းကလေးနှစ်ယောက်ရှိသင့်တယ်။ Calant က Boss အားတစ်ချက်ကြည့်လိုက်ပြီး Boss ဘာတွေတွေးနေတာလဲဆိုတာသိချင်သွားလေတယ်။
