Chapter 84 - Extra - 2
နဂါးနက်ကြီးသည် သူ့ကိုသယ်ဆောင်ကာ ပျံသန်းသွားရင်း တဖြည်းဖြည်းတောင်နဲ့ဝေးကွာလာကာ နဂါးနက်ကြီးပြောခဲ့သည့် မြို့ငယ်လေးဆီသို့ နီးကပ်လာကြသည်။ Rong Mingshi သည် အထပ်မြင့် အဆောက်အအုံများနှင့် နီးကပ်လာသည်ကို မြင်လိုက်သည်နှင့် နဂါးခြေသည်းများကို ကိုင်ကာ မနေနိုင်စွာ အသက်ရှုအောင့်ထားမိသည်။ နဂါးနက်ကြီးက မတူညီတဲ့ အချိန်နှင့် အာကာသကနေရောက်လာတာမို့ ကမ္ဘာပေါ်က မြို့ကြီးများ၏ အရွယ်အစားနှင့် လွဲချော်မှုအချို့ရှိနိုင်သည်။ Rong Mingshi သည် ရင်းနှီးသည့် အထင်ကရ အဆောက်အအုံကို မြင်လိုက်ရသောအခါ သူနှင့်မရင်းနှီးတော့သလို ခံစားလိုက်ရလေသည်။
အကယ်၍ နဂါးနက်ကြီးသာ ဤကဲ့သို့ ဆက်လက် ပျံသန်းနေမည်ဆိုပါက အဆိုပါ အဖြစ်အပျက်အား ကြည့်ရှုသူ သန်းနှင့်ချီရှိသွားမည့် တကယ့် 3D ရှိုးဖြစ်သွားမည်ဖြစ်ပြီး အင်တာနက်ပေါ်တွင်လည်း ရူးသွပ်သွားလိမ့်မည်ဟု တွေးမိသွားသည်။
Rong Mingshi သည်ဓာတ်ပုံရိုက်တာ ဒါမှမဟုတ် ဗီဒီယိုရိုက်မိမှာကို စိတ်ပူပြီး နဂါးခြေသည်းများကို ပုတ်လိုက်သည်။ “Aojia၊ မင်းကိုလူတွေတွေ့သွားလိမ့်မယ်။ ကျွန်တော်တို့လူမရှိတဲ့နေရာပဲရှာပြ္းဆင်းရအောင်။”
နဂါးနက်ကြီး၏အသံက သူ့ထံ ရောက်လာခဲ့သည်။ "ချပ်ဝတ်တန်ဆာမှာ holographic camouflage ပါလို့ ကိုယ်တို့ကို ရှာတွေ့မှာမဟုတ်ပါဘူး။"
စိတ်သက်သာရာရသွားတဲ့ Rong Mingshi ကသူနှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့်မြို့ကို ငုံ့ကြည့်ရင်း နဂါးခြေသည်းများတွင် သက်တောင့်သက်သာလိုက်ပါသွားခဲ့သည်။ သူ့ခေါင်းက အမြဲလိုလိုကိုက်နေတတ်တာကြောင့် အပြင်ကို တစ်ခါမှမထွက်ဖြစ်ရသလောက်ပါဘဲ။ ထို့ကြောင့် သူက ဤကြီးမားလှသည့်အထင်ကရ အဆောက်အအုံများကိုသာ အိမ်ထဲမှ အကြိမ်ပေါင်းများစွာကြည့်ခဲ့ရသည်။
ထိုအချိန်တွင် Aojia သည် ပျံသန်းနေရင်း အမျိုးမျိုးသော အချက်အလက်များကို မေးမြန်းကာ ကိစ္စရပ်များကို ကိုင်တွယ်ခဲ့သည်။ Ruhr နဲ့ အိမ်ထိန်းကို အဆက်အသွယ်မရတော့ဘူးလို့ သူဆုံးဖြတ်ပြီးတာနဲ့ သူဟာ ကမ္ဘာမြေကြီးကို ချက်ချင်း နားလည်ဖို့ ကြိုးပမ်းတော့တယ်။ ဤကမ္ဘာမြေပေါ်တွင် သူတို့မည်မျှကြာကြာနေရမည်ကို မသိပေ သူ၏နှင်းကျားသစ်လေးနှင့် ကလေးနှစ်ယောက်ကို တည်ငြိမ်သည့် နေထိုင်မှုပတ်ဝန်းကျင်ပေးရန် လိုအပ်သည်။
