{ Unicode }
အခင်းနေရာကို ကိုင်တွယ်ဖြေရှင်းဖို့ ကူညီကြပြီးတော့ သူတို့ စခန်းကို အရမ်းနောက်ကျမှ ပြန်ရောက်သည်။
ရန်ရိ မြောင်မြောင်ကို သူ့အိပ်ခန်းထဲထည့်လိုက်ကာ ခွက်တစ်ခွက်ကိုယူ၍ ရေတစ်ခွက်ထည့်ပေးထားလိုက်ပြီး သူကတော့ ရေချိုးဖို့ သွားသည်။
ဆောင်းဦးရာသီနှောင်းပိုင်းဆိုပေမယ့် ရေပူနဲ့မချိုးဘဲ သူ့ခေါင်းနဲ့မျက်နှာပေါ်ကို ရေအေးများဖြန်းကျစေလိုက်ပြီး သူ့ရင်ထဲ မတည်မငြိမ်ဖြစ်နေတာကို ငြိမ်းအေးစေသည်။
စိတ်လိုက်မာန်ပါလုပ်လိုက်တယ်လို့ သူထင်တယ်။ သူဒေါသမထွက်ခဲ့သင့်ဘူး၊ တကယ်တမ်းကျတော့ ကုံးရင့်ရှန်က ကူညီချင်ရုံသာ။
သို့ရာတွင် သူတာဝန်ထွက်ရတိုင်း အမိန့်ကို တသွေမသိမ်းနာခံသည်။ ၎င်းက သူ့အရိုးတွေထဲအထိ ထွင်းထုထားသော ကိုယ်ပိုင်မူပင်။ မီးအခင်းနေရာက တိုက်ပွဲတစ်ခုကဲ့သို့ဖြစ်ရာ မည်သူမှ ချွင်းချက်မရှိနိုင်။ ထိုအချိန်က ကုံးရင့်ရှန်အပြုအမူက သူ့ကို တကယ်စိုးရိမ်စေသည်။
အကယ်၍များ ကုန်တင်ယာဉ်ပေါ်က သိုလှောင်ပုံးတွေ ယိုစိမ့်နေခဲ့ရင်၊ အကယ်၍များ ယိုစိမ့်နေတဲ့ ဓာတုပစ္စည်းတွေ အောက်ဆိုဒ်နှင့်ဓာတ်ပြုသွားခဲ့ရင်၊ အကယ်၍များ ကုံးရင့်ရှန်ကို မီးစွဲသွားခဲ့ရင်......
သူနက်နက်နဲနဲတောင် မစဉ်းစားရဲတဲ့ အဲ့ဒီ ' အကယ်၍ ' တွေက သူ့ဒေါသရဲ့အဓိကအကြောင်းရင်းဖြစ်သည်။ ကုံးရင့်ရှန်က မီးကိုအရမ်းကြောက်တာ၊ မီးလောင်နိုင်တဲ့စွန့်စားမှုမျိုးကို သူဘယ်လိုလုပ်ပေးသွားနိုင်မှာလဲ။
သေချာ၏။ သူစိတ်ဖြေလိုက်ပြီးတော့ သူနည်းနည်းလွန်ပြီး အစွန်းရောက်သွားခဲ့သလို ခံစားရသည်။ ကုံးရင့်ရှန်က မီးကြောက်ပေမယ့် သူတို့ကို ကူညီဖို့ တွန့်ဆုတ်မနေဘူး၊ သူအနည်းဆုံး ကျေးဇူးတင်တယ် လို့တော့ ပြောလိုက်သင့်သည်။
ရန်ရိ သက်ပြင်းရှည်ကြီးချရင်း၊ စိတ်ထဲမှာ နောင်တရနေလျက်၊ သူ့ခေါင်းကို ရေချိုးခန်းကကြွေပြားနဲ့ လေးငါးချက်လောက် ပိတ်ဆောင့်လိုက်သည်။
YOU ARE READING
Flame Armor [ 火焰戎装 ]
ActionTitle -[ Flame Armor ] Original Author - Chapters - 196 chapters + 4 extras " 3 , 10 , 2020 " -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့...