Chapter 76

2.9K 690 20
                                    

Tue, Sep 14, 2021

{ UNICODE }

သူတို့နှစ်ယောက် စစ်မေးခန်းထဲ ဝင်သွားတော့ ချန်ဖေ့ကအသံကြားပြီး ခေါင်းမော့ကြည့်လာသည်။ သူ့မျက်နှာပေါ်မှာ ဘာအမူအရာမှ ရှိမနေဘဲ၊ နွမ်းလျနေတဲ့ မျက်လုံးတွေထဲမှာတောင် ဘာမှရှိမနေချေ။ လူတစ်ယောက်လုံးက ဗလာသက်သက်ဖြစ်နေပုံရသည်။

ကုံးရင့်ရှန် ချန်ဖေ့နဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်ပြီး သူ့ကိုတည့်တည့်ကြည့်လိုက်သည်။

ရန်ရိက နံရံကိုမှီရပ်နေရင်း အရင်တစ်ခေါက်က ကုံးရင့်ရှန် ချန်ဖေ့ကို မျက်နှာချင်းဆိုင်တဲ့အချိန်အား အမှတ်ရနေဆဲပင်။ သူကုံးရင့်ရှန် စိတ်မလွတ်အောင် တားရမည်။

နောက်ပြီးတော့ ချိုးယန်လည်း ဖိုင်အထပ်လိုက်နဲ့ ရောက်လာပြီး အခြားတစ်ဖက်မှာ ထိုင်သည်။

ကုံးရင့်ရှန် ချန်ဖေ့မျက်လုံးတွေကို အေးတိအေးစက် ကြည့်လိုက်ပြီး

" ခင်များ အမြဲတမ်း ကျွန်တော့်ကိုတွေ့ချင်နေတာ မဟုတ်ဘူးလား? ခင်များ ကျွန်တော်နဲ့ လူချင်းတွေ့မှပဲ ပြောလို့ရမယ့်ကိစ္စရှိတယ်လို့ မပြောခဲ့ဘူးလား? အခု ခင်များပြောလို့ရပြီ "

ချန်ဖေ့က ပျင်းတိပျင်းရွဲနဲ့ တင်ပါးကို နေရာရွှေ့လိုက်ပြီး

" ငါကျူးလွန်ခဲ့တဲ့ အပြစ်အတွက်က သေမိန့်လား? "

" ရဲတွေက အမှုစုံစမ်းစစ်ဆေးရေးအတွက်ပဲ တာဝန်ရှိတယ်၊ ပြစ်ဒဏ်ဆုံးဖြတ်ချက်က တရားရုံးကို လွှဲပြောင်းပေးရမှာ "

" ဟန်ဆောင်မနေနဲ့၊ မင်းမသိဘူးလား? "

ချန်ဖေ့က လှောင်ရယ်သည်။

" ငါ့ရှေ့နေပြောတယ်၊ ကြံရွယ်ပြီး မီးရှို့တဲ့သူက ကြိုတင်ကြံရွယ်ခြင်းမရှိတဲ့သူထက် ရလဒ် ပိုဆိုးတယ်တဲ့၊ ငါတကယ် မသတ်ချင်ခဲ့ဘူး၊ သူငါ့ကို ပေးတဲ့ ပိုက်ဆံသောင်းဂဏန်းလောက်က ငါသတ်ဖို့တန်ဖိုးမထိုက်ဘူး၊ မီးပိုကြီးလာမယ်ဆိုတာ ဘယ်သူကသိမှာလဲ? "

" ဒီကိစ္စ ခင်များတရားသူကြီးကို ရှင်းပြလို့ရတယ် "

" ငါသေလည်း မသေချင်ဘူး၊ ဘယ်သူကသေချင်မှာလဲ? ဟုတ်တယ်မလား? "

Flame Armor [ 火焰戎装 ]Where stories live. Discover now