Chapter 79⚡

2.8K 726 70
                                    

Sat, Sep 18, 2021

{ UNICODE }


ရန်ရိ အသက်တစ်အောင့်စာအတွင်း ကုံးရင့်ရှန်ကို အရေးပေါ်လှေကားဆီ ခေါ်သွားလိုက်ပြီး စကားလုံးစီကာ မတတ်နိုင်ဘဲ ပြောလိုက်၏။

" တကယ်တော့၊ ငါအမြဲတမ်း မင်းကိုပြောဖို့ အခွင့်‌အရေးတစ်ခုရှာချင်ခဲ့တာ "

" ဘယ်တုန်းကလဲ? "

ကုံးရင့်ရှန် ရန်ရိကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ရင်း လေသံက အနည်းငယ်ရန်လိုနေသည်။

ရန်ရိက ခဏလောက်တစ်ဆို့နေပြီး၊ ကုံးရင့်ရှန်တုံ့ပြန်မှုက တကယ့်ကိုအတော်မူမမှန်သလို၊ အထူးသဖြင့်....အေးစက်နေမှန်း သိလိုက်ရသည်။ သူတွေးခဲ့တဲ့အတိုင်းမဟုတ်တာ အသိသာကြီးပင်။ သူစဉ်းစားလိုက်ပြီး၊ ဖုန်းထုတ်၊ ဓာတ်ပုံတစ်ပုံရှာကာ ကုံးရင့်ရှန်ကို ပြလိုက်သည်။

ကုံးရင့်ရှန် အနားကပ်ကြည့်လိုက်ပြီး၊ ရုတ်တရက် ခန္ဓာကိုယ် တောင့်‌တင်းသွားသည်။

ထိုပုံက ရန်ရှန့်ရုန် ခြောက်နှစ်သားကုံးရင့်ရှန်ကို မီးထဲကနေ သယ်ထုတ်လာတဲ့ပုံဖြစ်ပြီး၊ လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်က ရိုက်ထားခဲ့ခြင်းဖြစ်ကာ အဲ့ဒီ့အချိန်က သတင်းစာ၌ ထည့်သွင်းဖော်ပြခဲ့သည်။

ကုံးရင့်ရှန် (ရန်ရိ)ဓာတ်ပုံရိုက်ထားတဲ့ အချိန်ကိုကြည့်ပြီး အမူအရာက ပို၍အုံ့မှိုင်းလာသည်။

" ခင်များ လွန်ခဲ့တဲ့နှစ်လ၊ သုံး‌လကတည်းက သိနေတာပဲ "

သူတို့နှစ်ယောက် ဆုံတွေ့ပြီးချိန်နဲ့ သိပ်မကွာလှပေ။

ရန်ရိ ရိုးရိုးသားသား ရှင်းပြလိုက်သည်။

" ငါမင်းကို ဘယ်တုန်းကမှ မပြောခဲ့ဘူးဆိုတာ အကြောင်းရင်းနှစ်ခုရှိတယ်၊ အစတုန်းက ငါတို့ တကယ်မရင်းနှီးသေးလို့၊ ငါကမင်းကို  ငါအချင်းချင်းနီးစပ်ဖို့ ကြိုးစားတယ်လို့ မတွေးစေချင်ဘူး၊‌ နောက်တော့ မင်းမိသားစုကြောင့်၊ ငါ့အဖေ တစ်ခုခုသိလောက်မယ်လို့ ထင်ခဲ့တယ်၊ ဒါပေမယ့် သူ့ရောဂါက အရမ်းမတည်မငြိမ်ဖြစ်နေတော့ သူဘာမှမမှတ်မိဘဲ မင်းကို ပြောပြပြီး ဝမ်းသာအောင်လုပ်မိမှာကြောက်တယ်၊ အဲ့‌တာကြောင့် ငါသူ့နဲ့အရင်စကားပြောချင်တာ၊ ဒီတစ်ခေါက် ငါသူ့ဆီက အသုံးဝင်တဲ့သဲလွန်စတွေ ရလာတော့ မင်းကိုပြောပြဖို့ လုပ်ထားတယ် "

Flame Armor [ 火焰戎装 ]Where stories live. Discover now