[ Unicode ]
Translator - Lynx | Editor - Kellow
..........
အစက ခွင့်ရက်ရဲ့နောက်ဆုံးနေ့မှာ သူ ဖုခိုင်ရယ်အခြားအပေါင်းအသင်းတွေရယ်နဲ့ ထွက်သောက်ဖို့တွေ့ချင်ခဲ့တယ်။
မမျှော်လင့်ဘဲ ပိတ်ရက်ကြီးမှာ အားလုံးက အခြားအစီစဉ်များရှိနေကြချေ၏။ ပြီးတော့သူကလည်း ကြိုချိန်းမထားမိပေ။
သူမတတ်သာဘဲ ဖုခိုင်ကိုသာကြိမ်းမောင်းရတော့သည်။
ရန်ရိ: "အချိန်တိုင်း မင်းမိန်းမနဲ့ကလေးနားပဲ နေနေလည်း ဘာအောင်မြင်မှုမှ ရတာလည်းမဟုတ်ဘဲနဲ့ကွာ "
ဖုခိုင်: " ဟုတ်ပါပြီ မင်းဘဝပဲကောင်းတယ်၊ မင်းသာတစ်ကိုယ်တည်းသမား မင်းသာပုံမှန်လူပါ"
ဖုခိုင်ရယ်ကာပြောသည်။
ဖုခိုင်: " မနေ့ညကသူငယ်ချင်းတွေပြောတယ် မင်းဘယ်သူနဲ့သောက်ခဲ့လဲ?"
ရန်ရိ: " ဘယ်သူနဲ့မှမသောက်ဘူး"
ဖုခိုင်: " မင်းလား လပေါ်မှာတစ်ယောက်တည်း ထိုင်သောက်မှာ၊ သရဲပဲယုံမယ် "
ဖုခိုင်က တိုးတိုးပြောသည်။
ဖုခိုင်: " ဘယ်အကောင်းစားလေးဆီများ ငါတို့ကောင်ရန်ရိ သွားအိပ်ခဲ့သလဲဟမ်? ဟိုသရုပ်ဆောင်တော့ မဟုတ်ဘူးမလား?"
ရန်ရိ မရေမရာဖြေလိုက်သည်။
ဖုခိုင်: " တကယ်ကိုသူပဲ "
ဖုခိုင် "ကျစ်" လို့စုတ်သတ်သည်။
ရန်ရိ: " မင်းလေသံက ဘာကိုဆိုလိုတာလဲ?"
ဖုခိုင်: " နှစ်တွေအများကြီး ညီအစ်ကိုတွေလိုဖြစ်လာကြတာ ၊ ငါမင်းရဲ့ အရှုပ်အရှင်းတွေကိုဝေဖန်မနေပါဘူး အခုတော့အဲ့လိုမိန်းမဆန်တဲ့ မိန်းမလျာလိုကောင်နဲ့တဲ့လား?"
ဖုခိုင်မနှစ်မြို့ပေ။
ရန်ရိ: " ငါကမင်းမျက်နှာထက်ပိုလှတယ်လို့တော့မတွေးပါဘူး။ ပြီးတော့သူကပြောသေးတယ် ငါကချောမောပြီး ဗလလည်းတောင့်တယ်တဲ့။ "
ရန်ရိ သူ့မေးစေ့ကိုထိကိုင်လိုက်သည်။
ရန်ရိ: " ငါဘာလို့ လူ(အလုပ်ရှင်) မပြောင်းရမှာလဲ? ငါလည်းချမ်းသာချင်တယ်လေ "
YOU ARE READING
Flame Armor [ 火焰戎装 ]
ActionTitle -[ Flame Armor ] Original Author - Chapters - 196 chapters + 4 extras " 3 , 10 , 2020 " -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့...