Chapter 85

3K 973 36
                                    

Mon, Sep 27, 2021

{ UNICODE }

ရန်ရိ မျက်လုံးတွေ တန်းသွားပြီး

" မင်းဆိုလိုတာ၊ ဇူယန့်က အခုဒီအားကစားရုံထဲမှာလား? "

" ဇူယန့်ဖြစ်ဖို့ မလိုဘူး၊ ဇူယန့်မှာ သက်ဝင်သူတွေအများကြီးရှိတယ်၊ သူကိုယ်တိုင် အရဲမစွန့်မှာပဲ စိုးမိတယ် "

ကုံးရင့်ရှန် ခွဲခြမ်းပြသည်။

" အခု ရေဒီယိုလှိုင်းဌာန ခြောက်ခုရှိပြီး၊ ကွန်ရက်လိုင်းဌာနတစ်ခုက ဖျော်ဖြေပွဲ ထုတ်လွှင့်နေတယ်၊ live လိုင်းဆွဲအားတည်ငြိမ်မှုကို အာမခံဖို့ အားကစားရုံက အခြားဂြိုဟ်တုလိုင်းတွေရဲ့စီးကြောင်းကို ကန့်သတ်ထားလိမ့်မယ်၊ ဆိုလိုတာက ခလုတ်နဲ့ထိန်းချုပ်တဲ့ဗုံး မဖြစ်နိုင်ဘူး၊ ထပ်ပြီးတော့ လိုင်းအားလုံးကို အကာအကွယ်ချဖို့ လိုင်းလွှဲပြောင်းစက်သုံးရင် ဗုံးမှာ ချိန်ကိုက်နည်းပဲရှိလိမ့်မယ်၊ သူက ဗုံးကိုကြိုပြီး ဖောက်ခွဲထိန်းချုပ်မယ်ဆိုတဲ့ ဒီလိုဟာကွက်မျိုး ချန်ခဲ့မှာမဟုတ်ဘူး၊ အဲ့တာကြောင့် ပွဲခင်းထဲမှာ လူတစ်ယောက်ယောက်ရှိရမယ်၊ လိုင်းအားလုံးပိတ်လိုက်ရင်တောင်၊ သူ့လက်နဲ့ဖောက်ခွဲပစ်နိုင်တယ် "

ဟောကု: " လက်နဲ့? အဲ့တာက အဲ့ဒီ့လူလည်း သေခြင်းက မလွတ်မြောက်နိုင်ဘူးလို့ ဆိုလိုတာမလား? "

ဟောကု မျက်မှောင်ကြုတ်လိုက်သည်။

" မင်းပြောတာ နားထောင်ကြည့်တော့၊ အဲ့တာက X- teaching အဖွဲ့အစည်းလို ခံစားရတယ် "

[ T/n : X-teaching ဆိုတာက စက်ပစ္စည်းတွေကို မှတ်ဉာဏ်လွှဲပြောင်းပေးပြီး၊ နောက်ပိုင်းမှာ အဲ့ဒီ့လေ့ကျင့်ပေးထားတဲ့ အရာကိုပြန်အသုံးချတာမျိုး၊ brainwashing လုပ်တာလို့သိထားလိုက်၊ သူတို့အဖွဲ့အစည်းက အယူသွင်းပေးပြီး၊ ဝါဒဖြန့်နေတာ၊ ကျနော်အဲ့တာကို သိပ်နားမလည်ဘူး၊ စုံစမ်းပြီးရင် ပြန်ပြောပြမယ် ]

" မင်းထင်တာမှန်တယ် "

ရန်ရိ‌ အေးစက်စွာ ပြောလိုက်သည်။

" လွန်ခဲ့တဲ့ နှစ်တစ်ဝက်လောက်က ဖြစ်ခဲ့တဲ့အမှုအများကြီး သူတို့နဲ့ဆက်နွယ်နေတယ် "

Flame Armor [ 火焰戎装 ]Where stories live. Discover now