Translator - Lynx | Editor - Kellow
[ Unicode Version ]
နောက်တစ်နေ့မနက်ခင်းတွင် ရန်ရိ ဟုန်းဝူပြည်သူ့လုံခြုံရေးဗျူရိုအား သတင်းပို့ရန်သွားလိုက်သည်။
၎င်းဌာနသည်က မီးသတ်ဌာနနှင့်မဝေး။ သူ့နယ်မြေအတွင်း မပါသော်လည်း အမြဲလိုလိုအဆက်အသွယ်ရှိသည်။ ဘယ်အချိန်များ ကုံးရင့်ရှန် ဒီကိုလာမလဲတော့သူမသိပေ။
ဌာနတွင် သူ့ကိုစုံစမ်းစစ်ဆေးရေးတွင် ကူညီရန်ခေါ်သော -စုန့်ပေ အားတွေ့သည်။
စုန့်ပေက အရွယ်ရပြီဖြစ်သော ရဲတစ်ယောက်ဖြစ်သည်။
သူသည်ယခု ဟုန်းဝူဌာနခွဲ ၊ ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ၊တတိယမြောက်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်၏။ သူကားအလွန်ဖော်ရွေပုံပေါ်သည်။ရန်ရိ လက်ဆန့်ပေးလိုက်သည်။ " စုန့် သွေ့ကျောင်* "
[ T/N : 队长 (Duì Zhâng-သွေ့ကျောင်)- Team leader ]
" ရန်သွေ့ကျောင် ၊ မင်္ဂလာပါ ထိုင်ပါဦး "
နှစ်ယောက်လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး ရန်ရိ ထိုင်လိုက်သည်။ သူရုံးခန်းကိုဝေ့ကြည့်လိုက်ပြီး မှန်ကဖောက်မြင်ရကာ လူများဝင်ထွက်သွားလာနေသည်ကို မြင်နိုင်၏။
စုန့်ပေ ပြုံးကာပြောသည်။ " ဒီလိုပူပြင်းတဲ့နေ့ကြီးမှာ လာခိုင်းရတာ ခေါင်းဆောင်ကိုအားနာပါတယ် "
" ယဉ်ကျေးနေပါပြီ ၊ ပြောရရင်ခေါင်းဆောင်ကအကြီးပါ ရှောင်ရန် လို့ခေါ်ဖို့ပြောမလို့ပေမယ့် ခေါင်းဆောင်က ကျနော့်နာမည်လည်းသိပြီးသားဆိုတော့ ရှိုးတိုးရှန့်တန့်ဖြစ်ရတယ်ဗျာ "
စုန့်ပေ ရယ်သည်။ " အဲ့တာဆို.. ခေါင်းဆောင်လို့ပဲဆက်ခေါ်တာပေါ့ "
ရန်ရိပြုံးလျက်ပြောလိုက်သည်။ " ကျွန်တော်တို့ ဝန်ထမ်းခေါင်းဆောင် ပြောပုံအရတော့ ခုန်ချတဲ့အမှုပြန်လိုက်မှာဆို? "
" ဟုတ်တယ် အစကတော့ သတ်သေတဲ့အမှုအနေနဲ့ပိတ်လိုက်တော့မလို့ပဲ မကြာခင်ကမှစီးပွားရေးကိစ္စနဲ့ ပတ်သက်နေနိုင်တဲ့အခြေအနေတွေရတော့ မင်းကို စုံစမ်းစစ်ဆေးပေးဖို့ မေးချင်တာ နောက်ဆုံးတော့ အဲ့အချိန်ကအမှုကို မင်းပဲအနားလည်ဆုံးပဲလေ "
YOU ARE READING
Flame Armor [ 火焰戎装 ]
ActionTitle -[ Flame Armor ] Original Author - Chapters - 196 chapters + 4 extras " 3 , 10 , 2020 " -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့...