Chapter 84

3.2K 775 77
                                    

Sun, Sep 26, 2021

အလေးအနက်ထားပြီး သေချာဖတ်ပေးပါ၊ ဘာလို့လဲဆိုတော့ ကျနော်ဒီအပိုင်းပြန်ရတာ မလွယ်ကူဘူး။ သေချာရှင်းရှင်းရေးပေးထားတယ်။

=====

စုန့်ကျွီးဟန်ရဲ့ နားနေခန်းကို ခပ်မြန်မြန်သွားလိုက်ကြသည်။

အဲ့ဒီ့အချိန် စုန့်ကျွီးဟန်က စင်မြင့်ဖက်ရှင် ပြင်ဆင်ခြယ်သပြီးလေပြီ။ သူက အနက်ရောင်မွှေးပွ အပြည့်အလှဆင်ထားတဲ့ ‌အ‌ပေါ်ထပ်အရှည်ဝတ်ထားလျက်၊ နှုတ်ခမ်းနီအနက်ရောင်ဆိုးထားပြီး မျက်နှာက ဖြူစင်ကာ ဆွဲဆောင်မှုရှိနေသည်။

ဒီ‌လို မိတ်ကပ်ပြောင်နဲ့ဆံပင်က သာမန်လူတွေနဲ့ မလိုက်ဖက်ပေမယ့်၊ သူနဲ့တော့ ပနံသင့်နေသည်။ အပေါ်ထပ်အရှည်က ကြမ်းပြင်မှာ တွဲလောင်းကျနေပြီး၊ ‌ချောမောဆွဲဆောင်မှုရှိတဲ့ နတ်ဆိုးတစ်ကောင် အတောင်သိမ်းပြီး၊ ကမ္ဘာပေါ် ခဏတာ ခြေလာချသကဲ့သို့ပင်။

[ T/n : Fashion show ပွဲတွေမှာ ပခုံးပေါ်ခြုံထားတဲ့ အမွှေးပွဝတ်ရုံရှည်ကြီးတွေလို၊ အောက်ကို တွဲကျနေပြီး၊ ဘုရင်တွေခြုံလွှားသလိုပဲ ခမ်းနားတယ် ]

ရှောင်စုန်းက ထူးထူးဆန်းဆန်း ပြောလာသည်။

" ခေါင်းဆောင်၊ အဆင်ပြေလား? "

သူကုံးရင့်ရှန်ကို မျှော်လင့်တကြီး ကြည့်လိုက်ရင်း၊ ကုံးရင့်ရှန် အနုပညာရှင်ဖြစ်ဖို့ စိတ်ပါသွားပြီလို့ ထင်လိုက်သည်။

" စုန့်လောင်ရှီး၊ အားနာပါတယ် "

ရန်ရိအခြားတစ်ဖက်ကို ကြည့်ပြီး၊ လိုရင်းတိုရှင်းပြောလိုက်သည်။

" ကျွန်တော် ဟောကုကို အကူညီတောင်းချင်လို့ပါ "

ဟောကုက အံ့ဩသွားပြီး " ကျွန်တော်? "

" ဟောကု၊ မင်းက ဟုန်းလင်အားကစားရုံရဲ့ အင်ဂျင်နီယာမလား? "

" ဟုတ်တယ် "

ဟောကုက ပဟေဌိ‌ဖြစ်သွားပြီး

" ဒီအားကစားရုံက ကျွန်တော် အစိုးရပိုင်လုပ်ငန်းအဖွဲ့အစည်း ( GOE ) မှာတုန်းက လုပ်ခဲ့တဲ့စီမံကိန်းပဲ၊ မင်း ဘယ်လိုလုပ်သိတာလဲ? "

Flame Armor [ 火焰戎装 ]Où les histoires vivent. Découvrez maintenant