Fri, Aug 13, 2021
-----------------
{ Unicode }
ရန်ရိ ငြိမ်ငြိမ်လေး လက်မောင်းတွန့်ပြီး နောက်လှည့်လိုက်သည်။
" ဟမ်? "
" ခင်များ ဒါကြောင့် ကျွန်တော့်ကိုဝင်လာခိုင်းတာ မဟုတ်ဘူးလား? "
ကုံးရင့်ရှန် လက်တွေပိုက်ထားသည်။
" ခင်များ အဲ့တာကို တစ်ယောက်တည်း ဘယ်လိုဆေးမလဲ? "
" အာ....ငါ "
ရန်ရိ ပုံဖော်ကြည့်လိုက်ပြီး သူ့အတွက် အထင်မမှားဖို့ မဖြစ်နိုင်မှန်း ခံစားလိုက်ရသည်။ ဒါပေမယ့် ကုံးရင့်ရှန်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရဖို့ အခွင့်အရေးကို လက်လွှတ်လိုက်ရဦးမှာ။ သူဝေခွဲမရဖြစ်ပြီး တွန့်ဆုတ်တွန့်ဆုတ်လုပ်နေရင်း
" မင်းငါ့ကို ညစ်ပတ်တယ်လို့ မထင်ဘူးလား? "
" မကြိုက်ဘူး "
ကုံးရင့်ရှန် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလာသည်။
" ကျွန်တော် ခင်များကို ရေပန်းကူကိုင်ပေးပြီး အနာမထိအောင် သတိထားပေးမယ်၊ ပြီးရင် ခင်များဘာသာ ဆက်ချိုးပေါ့ "
သူစကားရပ်ပြီး၊ ချင်တင်တင်နဲ့ပြောလာသည်။
" လည်ပင်းနားကို ကျွန်တော် ဆေးပေးလို့ရတယ် "
" ပြီးတော့......ထားပါတော့ "
ရန်ရိ ခြောက်ကပ်ကပ်ပြုံးကာ ပြောလိုက်သည်။
" ငါ ကိုယ်လုံးတီးချွတ်ရမှာ ရှက်တယ် "
ကုံးရင့်ရှန် မျက်ခုံးပင့်လိုက်ပြီး
" ခင်များက မီးသတ်သမားပဲ၊ ရေစုမချိုးဖူးဘူးလား? "
ရန်ရိ လွန်ခဲ့တဲ့နှစ်နှစ် သူစခန်းခေါင်းဆောင်ဖြစ်လာမှ ကိုယ်ပိုင်ရေချိုးခန်းရလာကြောင်း ပြောပြခဲ့သည်။
" ဒါမှမဟုတ် ခင်များ ကျွန်တော့်ရှေ့မှာမို့လို့ ရှက်နေတာလား? "
ကုံးရင့်ရှန် နှုတ်ခမ်းများ တွန့်တက်သွားပြီး
" သိမ်ငယ်သလို ခံစားရလို့လား? "
YOU ARE READING
Flame Armor [ 火焰戎装 ]
ActionTitle -[ Flame Armor ] Original Author - Chapters - 196 chapters + 4 extras " 3 , 10 , 2020 " -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆင်တန်ဆာအဖြစ် ပြောင်းလဲ၍ အကျွန်ုပ်အား ခွန်အားသတ္တိနှင့် အကြောက်အရွံ့ကင်းမဲ့သော စွမ်းအားကို ပေးပါလော့...