Ko

4.4K 284 34
                                    

"" မင်း ကိုယ့်ထက် အဲ့ တားရော့ကတ်တွေကို ပိုယုံနေတယ်ဆိုရင် ကိုယ်တို့ ဒီမှာတင် ပြတ်ကြလည်းရတယ် "" 


ထိုစကားများကို အခုထိပြန်ကြားယောင်နေတယ်ဆိုတာကိုယ့်ကိုယ်ကိုယ်မယုံကြည်နိုင်သေး ။ အလုပ်စောပြီးလို့ ရှုပ်ပွနေတဲ့စတူဒီယိုကို ရှင်းစရာရှိတာရှင်းရင်း သူပေးခဲ့တဲ့ ကြယ်ဘူးလေးကို မြင်တော့ ချစ်စဖွယ်ကောင်းတဲ့ ဒီလက်ဆောင်နဲ့ကွဲပြားစွာ အေးတိအေးစက်ပြောရင်း ပြီးဆုံးသွားခဲ့တဲ့ သူတို့ နှစ်ဦးရဲ့ ဇာတ်လမ်းကို ပြန်မြင်ယောင်မိသည် ။ ထိုကိစ္စတွေက  ၃ နှစ်တောင်ကြာခဲ့ပြီ ။ 


စတူဒီယို တံခါးကို သေချာပိတ်ပြီး သော့ခတ်ကာ အလုပ်ဆင်းချိန်ကို တစ်ယောက်တည်းဖြတ်သန်းရခြင်းဟာ သူ့အတွက် မထူးဆန်းတော့တဲ့ အလုပ်တစ်ခုဖြစ်လာသည် ။ ဟိုး အရင်ကဆို အလုပ်တွေကလည်း များများစားစားမရှိတော့ မမှောင်သေးတဲ့ အိမ်ပြန်ချိန်မှာ လက်တွဲပြီး လိုက်ပို့မယ့် တစ်စုံတစ်ဦးကိုမျှော်နေရင်း စိတ်လှုပ်ရှားနေခဲ့ရတာ ။ 


"" ဘွားဘွားကို နွားနို့ပူပူလေးတစ်ခွက်လောက် ဝယ်ပေးပါလား ..မြေးရယ် "" 


ကြင်နာတတ်တဲ့အပြင် လွယ်လွယ်သနားတတ်တဲ့သူက ထိုစကားတစ်ခွန်းနဲ့တင် ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုဘဲ အနီးနားက ကော်ဖီဆိုင်တစ်ဆိုင်ကို ဦးတည်သွားဖို့  လုံလောက်နေသည်။ သူ့နားကိုရောက်လာတဲ့ အဘွားဟာ ခါးကုန်းကုန်းနှင့် အပြင်အဆင် နွမ်းလျနေသည် ။ အပြင်မှာ ညဆို အေးတာကြောင့် သူ့အပေါ်ကုတ်ကို ချွတ်ကာ အဘွားကို ခြုံပေးလိုက်တော့ အဘွားက သူ့ကို ကျေးဇူးတင်တဲ့ မျက်လုံးတွေနဲ့ပြန်ကြည့်လာတယ် ။ 


"" ဒီနားမှာ ၅ မိနစ်လောက်သွားရင်ရောက်တဲ့ ကော်ဖီဆိုင်တစ်ဆိုင်ရှိတယ် ။ အဘွား ဒီမှာ ခဏလေးစောင့်နော် ။ ကျွန်တော်သွားဝယ်ပေးမယ် "" 


"" သတိထားသွားနော် .. မြေး"" 


သူ ခေါင်းငြိမ့်ပြလိုက်ရင်း ကော်ဖီဆိုင်ကို မြန်မြန်ရောက်အောင် ပြေးသွားလိုက်သည်။ အလုပ်စောစောဆင်းလာတာကိုပင် ကျေးဇူးတင်ရမယ် ။ အိမ်ပြန်ရုံကလွဲရင် ဘာမှလုပ်စရာမရှိမယ့်အတူတူ လူကြီးတစ်ယောက်ကို အခုလို ကူညီခွင့်ရတယ် ။ မဟုတ်ရင် အဘွားကို တခြားသူတွေက လျစ်လျှူရှုသွားကြရင် ဒုက္ခ .. ။ 

Ethos✔️Where stories live. Discover now