The End

2K 236 108
                                    

ပျံသန်းနေဆဲ လေယာဉ်ပျံရဲ့ ပြတင်းပေါက်ကနေ တိမ်တွေကြားမှ လှမ်းမြင်နေရသော အပြာနုရောင် ပင်လယ်ပြင်ကို ကြည့်ကာ သူကိုယ်တိုင်ဆုံးဖြတ်ခဲ့တဲ့ နောက်ဆုံးရွေးချယ်မှုအတွက် သူပြုံးနေနိုင်ခဲ့သည် ။ 


~~~~~~~~~~~~~

ချက်ချင်းကျောခိုင်းခဲ့ရသော ကိုရီးယားမြေကို သွေးပူနေတုန်းတော့လွမ်းမိသား ။ သူနဲ့အီသန်က ယောက်ျားလေးတွေဆိုတော့ စားရေးသောက်ရေးနဲ့ပက်သက်ရင် အကြီးအကျယ်လုပ်မနေတော့ဘဲ ပြီးပြီးရော ဖြေရှင်းလိုက်ကြတာများသည် ။ အီသန်ကတော့ သူ့ ခန္ဓာကိုယ်ကို ဆက်ထိန်းထားဖို့အတွက် ပရိုတိန်းလောက်သာ သောက်လေ့ရှိပြီး သူ့အတွက် အသင့်စား ကင်မ်ချီထုတ်တွေနဲ့ ဟင်းရည်တစ်မျိုးနေ့တိုင်းချက်ထားပေးသည် ။ 


သူတို့နှစ်ယောက် နယူးယောက်မှာရှိနေတာ ၃ ပတ်ရှိပြီ ။ နေ့တိုင်းအခန်းထဲကနေအပြင်မထွက်ဘဲ အိမ်တွင်းအောင်းနေတတ်တဲ့ ဂျိတ်ခ်ကို အပြင်ထွက်လာဖို့ အရမ်းခေါ်ရခက်သည် ။ နာမည်ကြီး အလည်အပတ်နေရာတွေကို သွားရအောင်လို့ ဆွယ်ရင်လည်း ခေါင်းတစ်ချက်ငြိမ့်ကာ ပါလာတတ်ပေမယ့် ကင်မရာတစ်လုံးကိုင်ပြီး ဓာတ်ပုံလျှောက်ရိုက်နေတာကများသည် ။ 


နယူးယောက်အခြေစိုက် ကိုရီးယားအေဂျင်စီတွေကတော့ အီသန် ဒီမှာရှိနေတဲ့သတင်းကိုကြားကြားချင်း နေ့စဉ်ရက်ဆက် ကမ်းလှမ်းမှုတွေအများကြီးရောက်လာသည် ။ ဒါပေမဲ့ သူကိုယ်တိုင် ဘာကိုမှရေရေရာရာ စိတ်မဝင်စားနိုင်သေး ၊ နယူးယောက်ကိုရောက်လာတဲ့အကြောင်းပြချက်က တစ်ဘဝလုံးစာ ဂျိတ်ခ်ကို အချိန်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်သာ ။ 


သို့သော် မယုံကြည်နိုင်လောက်အောင် ဂျိတ်ခ်နဲ့သူက ပိုပြီး အနေစိမ်းသွားသလိုခံစားနေရသည် ။ တစ်အိမ်တည်းနေ အခန်း‌ဖော်တွေလောက်တောင် စကားမပြောဖြစ်ကြတော့ပေ ၊ ဂျိတ်ခ်ကို သူမေးရင် " ခရီးပန်းလာလို့ပါဗျာ " ဆိုပြီး အသံတိုးတိုးလေးဖြေတတ်သည် ။ ဒါပေမဲ့ ၃ ပတ်လုံး ဒီလိုငြိမ်နေခြင်းကတော့သဘာဝမကျဘူးလို့သူထင်သည် ။ 

Ethos✔️Where stories live. Discover now