"" နောက်နေ့လည်း တွေ့ဖြစ်အောင် တွေ့မယ် .. အစ်ကို ဂျယ်ယွန်းနီး""
စသလို ၊နောက်သလို နဲ့ အဲ့တစ်ခွန်းသာပြောပြီး သူ့အခန်းထဲကိုလှစ်ခနဲပြေးဝင်သွားတဲ့ ဆောင်းဟွန်းက မနက် ၃ နာရီထိုးပြီဖြစ်သော်လည်း အိပ်ငိုက်တဲ့ပုံတစ်စက်ကလေးတောင်မရှိ ။ သူကသာ ကားပေါ်မှာလည်း တစ်ချိန်လုံး ဆောင်းဟွန်းပုခုံးပေါ်မှီပြီးငိုက်လာခဲ့ရတာတောင် မျက်လုံးကမပွင့်ချင်သေး ။ အဲ့အတွက်လည်း ကျေးဇူးတင်စကားလေးတောင်မပြောလိုက်ရပြန်ဘူး ။
အိမ်တံခါး လျှို့ဝှက်နံပါတ်နှိပ်ခါနီးမှ နည်းနည်းနိုးနိုးကြားကြားဖြစ်လာသည် ။ တောင်းပန်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟန်မြစ်အထိရောက်သွားလိုက်တာ တစ်ညလုံးနီးပါးကုန်ဆုံးသွားသော်လည်း ဆောင်းဟွန်းကို အဲ့နေ့က ကိစ္စတွေနဲ့ ပက်သက်ပြီး တစ်ခွန်းမှ မဟလိုက်ရပေ ။
အဲ့လိုနဲ့ ဘယ်နေ့မှ ထပ်တွေ့ဖြစ်တော့မလဲတောင်မသေချာတော့ဘူး ။ သူ့မှာ outdoor ရိုက်ဖို့ အတွက် သုံးရက်လောက်ခရီးသွားရဦးမှာပဲ ။ မသွားရတာကြာတဲ့ ပင်လယ်ကမ်းခြေဘက်ဆိုတော့ ဒီတစ်ခါ သွားရမယ့် အလုပ်ခရီးကို စိတ်အားထက်သန်နေသည် ။ outdoor ရိုက်ဖို့ကလွဲရင် စတူဒီယိုမှာ ကျောက်ချတတ်တဲ့ ဂျိတ်ခ်အတွက် နီခီ က ဒီလိုမျိုး အလုပ်နဲ့ ညှပ်ပြီး အပြင်ထွက်ဖို့ စီစဉ်ပေးတတ်သေးတာ ။
တခါတလေမှာ " ငါတို့ နီခီ အကောင်းဆုံး " ဆိုပြီး အတည်ပေါက်နဲ့များချွဲမိရင် မျက်နှာကို ထမင်း ၇ ရက်မစားရသေးသလိုမျိုး ရှုံ့မဲ့ ပြတတ်ပေမယ့် နီခီက သူ့အပေါ်တကယ် တွေးပေးတတ်တဲ့ ညီလေးတစ်ယောက်ပါ ။ ဒါပေမဲ့ သူနဲ့ ရင်းနှီးလာတာကြာလာတာနဲ့ အမျှ သူ့ကိုပြန်ကြောက်နေရတာမျိုးတွေလည်းရှိသည် ။
"" နီခီ .. မင်းပြောတော့ မော်ဒယ်က မိန်းကလေးဆို ""
"" ကျွန်တော်ပြောထားတဲ့ မိန်းကလေး မော်ဒယ်က ရောက်နှင့်နေပြီမဟုတ်လား ။ မနေ့ကတည်းက သူက ကြိုရောက်နေတာ .. ကျွန်တော်ဖုန်းဆက်ပြီးသား ။ အစ်ကို ဂျိတ်ခ်တည်းမယ့် ဟိုတယ်မှာပဲ ချိတ်ပေးထားတာ ။ တစ်နေကုန် ကားမောင်းပြီး ကြောင်တောင်တောင်ဖြစ်နေတာများလား ""
YOU ARE READING
Ethos✔️
FanfictionHeejakehoon Book-2 of F A T E (Zawgyi+UNICODE) Cover _ WaengProdHES ** ပါဝင်သမျှ အချက်အလက်အားလုံးသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ **