မရောက်တာကြာပြီဖြစ်တဲ့ အီသန့်ကွန်ဒိုကိုရောက်လာတော့ password က ဂျိတ်ခ်မွေးနေ့ဖြစ်နေသေးတာကြောင့် အံ့အားသင့်သွားရသေးသည် ။ အလုပ်များလွန်းလို့ နံပါတ်အသစ် မပြောင်းဖြစ်ဘူးလို့ မျက်စိစုံမှိတ်ယုံလိုက်ပြီးအထဲကိုဝင်တော့ အရာအားလုံးက ပြောင်းလဲခြင်းမရှိဘဲ သူ့နေရာနဲ့သူသပ်သပ်ရပ်ရပ် ။ အီသန်က အစွဲအလမ်းလည်းကြီးသလို အသုံးအဆောင်တွေဆို အများကြီးမထားဘဲ သူသုံးနေကျ အရာလေးတွေကို အချိန်အတော်ကြာတဲ့ အထိ တန်ဖိုးထားတတ်တဲ့ အကျင့်ကောင်းလေးတစ်ခုတော့ရှိသည် ။
ကွန်ဒိုအခန်းကျယ်ထဲမှာ စားပွဲတွေ၊ ကုလားထိုင်တွေက ပုံစံ မပျက်မယွင်းနဲ့ရှိနေတော့ တစ်ခုခုများမှားနေသလား လို့စိတ်ထဲထင့်သွားသေးသည် ။ သူ့ဆီကို ဖုန်းဆက်လာတဲ့ နံပါတ်စိမ်းနဲ့ ဖုန်းနံပါတ်က အီသန့် အိမ်ကို လာပြီးသန့်ရှင်းရေးလုပ်ပေးနေကြ အဒေါ်ကြီး ရဲ့ ဖုန်းဖြစ်နေခဲ့တာ။
"" ကောင်လေး .. အခု လဲကျနေတယ် ။ သူ့ဘေးမှာလည်း ပုလင်းကွဲစတွေတွေ့တယ်ကွယ် ။ နံပါတ် ၁ ကိုဆက်လိုက်တာ အခုဘယ်သူပြောနေလဲမသိပေမယ့် လာကူညီပေးပါဦး ။ အရေးပေါ်ကိုတော့မခေါ်ရဲဘူး ။ သူက နာမည်ကြီး ဖြစ်နေလို့ တစ်ခုခုဖြစ်ရင် ဖုန်းလျှောက်မဆက်ဖို့ အရင်က ပြောထားလို့ပါ ။အဒေါ်လည်း ကြောက်လို့ သူ့အနားမကပ်ရဲဘူး .. အခု သူ့ကွန်ဒိုကို လာခဲ့ပေးပါနော် ""
စကားတွေတရစပ်ပြောပြီးဖုန်းချသွားတာကြောင့် သွေးပူပြီးချက်ချင်းထွက်လာခဲ့ပေမယ့် အခုသူ့တိုက်ခန်းကိုရောက်တော့ အဲ့အဒေါ်ကြီးကိုလည်းမတွေ့သေးပါ ။ ဧည့်ခန်းနားအထိ မဝံ့မရဲ လှည့်ပတ်ရှာလေမှ ပြောထားသလို အပုံသား လဲကျနေတဲ့ အီသန့်ကိုတွေ့လိုက်ရသည် ။ ဘေးမှာလည်း ပုလင်းကွဲစတွေနဲ့ .. မဟုတ်မှလွဲရော သူထင်နေတာတွေ လျှောက်လုပ်နေတာတော့မဟုတ်ဘူးမလား ။
ဂျိတ်ခ် ပြာပြာသလဲ သူ့အနားသွားလိုက်ပြီး လှုပ်နှိုးကြည့်သည် ။ သုံးလေး ခါ လောက် လက်နဲ့ ပုတ်သော်လည်း နိုးမလာသောကြောင့် သူ ဇောချွေးတွေပြန်လာပြီး ကြောက်စိတ်တွေ တစ်စတစ်စပေါ်လာကာ မျက်တောင် တွေပုတ်ခတ်ပုတ်ခတ်ဖြစ်ပြီး အသက်ရှူမမှန်ချင်သလိုဖြစ်လာသည် ။ သူ့ရှေ့မှ အီသန်ဆိုတဲ့သူကတော့ လောကကြီးနဲ့ လုံးဝအဆက်ပြတ်နေကာ အေးအေးချမ်းချမ်း အပူအပင်ကင်းမဲ့စွာ ငြိမ်သက်နေသည် ။
YOU ARE READING
Ethos✔️
FanfictionHeejakehoon Book-2 of F A T E (Zawgyi+UNICODE) Cover _ WaengProdHES ** ပါဝင်သမျှ အချက်အလက်အားလုံးသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ **