I love you from the bottom of my heart

1.5K 231 73
                                    

"" ကိုယ်မင်းကို နောက်နေ့ကျမှ အေးဆေး တောင်းပန်တော့မယ် ။ အခုတော့ ကိုယ်တစ်ယောက်တည်းနေချင်လို့ "" 

အီသန် ထွက်သွားပြီးတဲ့နောက်ပိုင်း ဆောင်းဟွန်းကို အဲ့စကားတစ်ခွန်းတည်းပြောပြီး သူ့အခန်းထဲကို ချက်ချင်းဝင်သွားမိခဲ့တာကြောင့် အခုပြန်တွေးကြည့်မှ ဆောင်းဟွန်းကို အားနာစိတ်ပိုလာရသည် ။ တကယ်တမ်း ဆောင်းဟွန်းကို သူနဲ့ အီသန်ကြားမှာ အသုံးချမိသွားတဲ့ အပြင် အိမ်ရှင် မပီသစွာ မောင်းထုတ်လိုက်မိသလိုဖြစ်သွားသေးတယ် ။ 

ဒီနေ့စတူဒီယိုမှာ နေနေရတာကိုတောင် စိတ်မပါတော့ချေ ။ နေ့လယ်စာလည်း ကော်ဖီတစ်ခွက်နဲ့သာ ပြီးထားသလို မနက်စာကိုလည်း လွယ်လွယ်ကူကူ အိမ်မှာရှိတဲ့ cereal သာစားခဲ့တာ ။ ကွန်ပျူတာရှေ့မှာ ထိုင်နေပေမယ့် စိတ်က စခရင်ပေါ်မှာ ရှိမနေတာတော့သေချာသည် ။ သူ့အာရုံတွေက ဘယ်ကိုလွင့်နေမှန်း ကိုယ်တိုင်တောင် မသေချာ မရေရာ ။ 

"" အစ်ကို ဂျိတ်ခ် "" 

နီခီက နှင်းဆီပန်းစည်းတစ်ခုကို ကိုင်ထားပြီး မတက်မကြွနဲ့ လာပေးတယ် ။ သူ့အစ်ကို ဒီနေ့ တက်တက်ကြွကြွမရှိမှန်းသတိထားမိတာကြောင့် နှင်းဆီပန်းတွေလာပို့တဲ့ အပေါ်ကို နီခီ အရင်ကလောက်ဝမ်းသာမနေတော့ပါ ။ ဂျိတ်ခ် နီခီ့လက်ထဲက ပန်းတွေကို မယူချင့်ယူချင်ယူလိုက်ပြီး ပါလာတဲ့ postcard ကို ယူကြည့်လိုက်မိသည် ။ 

"" I love you from the bottom of my heart "" ဟူသော စာသားနှင့်အတူ နှင်းဆီပန်း ၃၇ ပွင့်ကို အလှဖဲကြိုးများနှင့် ပြင်ဆင်ထုတ်ပိုးထားသည် ။ ပို့တဲ့သူက အီသန်မဟုတ်နိုင်တော့ဘူးလို့ တထစ်ချတွေးလိုက်မိပေမယ့် ဘယ်သူကသူ့ကို ဒီလို ဇွဲရှိရှိနဲ့ နှင်းဆီပန်းတွေပို့နေရသလဲ ဆိုတာကို သူမခန့်မှန်းနိုင်တော့ပေ ။ 

နောက်ဆုံးတော့ စိတ်တွေနောက်ကျိနေခြင်းကို ဒေါသအဖြစ်နဲ့ ဖောက်ထုတ်ချမိသည်နှင့် တူ၏ ။ ပုံချစရာအကြောင်းအရာမရှိတော့ အပြစ်ကင်းတဲ့ သက်မဲ့အရာဝတ္ထုလေးအပေါ် ဒေါသရောက်သွားတော့သည် ။ ဂျိတ်ခ်ရဲ့ စိတ်လိုက်မာန်ပါနှင့် ခပ်ကြမ်းကြမ်းဆွဲကိုင်ခံလိုက်ရတဲ့ နှင်းဆီပန်းစည်း လေးက စတူဒီယိုရဲ့ အမှိုက်ပုံးဆီသို့ တည့်တည့်မတ်မတ်ရောက်သွားတော့သည် ။

Ethos✔️Where stories live. Discover now